Friday, May 27, 2016

ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန် လမ်းပိုင်း၌ ယာဉ်များအလွယ်တကူဖြတ်သန်း


The Mirror Daily's photo.
ဇလွန် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ကြီးကြပ်မှုဖြင့် မြန်မာရွှေသရဖူ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကြိမ်ပင် ဆည်-စက္ကော့-ဓနုဖြူ-ဇလွန် လမ်းပိုင်း ခင်းကျင်းဆောင်ရွက်မှု စီမံကိန်းမှာ ယခုအခါ အလုံးစုံဆောင်ရွက်ပြီးစီးသွားပြီဖြစ်သောကြောင့် ယာဉ်များ အလွယ်တကူ ဖြတ်သန်းသွားလာ နေကြပြီဖြစ်ပြီး ဒေသခံများအတွက် လည်း အဆင်ပြေလွယ်ကူချောမွေ့နေ ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖြစ် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့ ဆိုင်ရာချေးငွေဖြင့် ငွေကျပ် ၁၂ ဘီလီယံ ကုန်ကျဆောင်ရွက်ခဲ့သော အဆိုပါလမ်းပိုင်းမှာ ၂၄ မိုင် နှစ်ဖာလုံ ရှည်လျားပြီး လမ်း၏အကျယ်မှာ ၂၄ ပေရှိကာ အသွားအပြန်(နှစ်လမ်းသွား) မောင်းနှင်နိုင်ကြောင်းသိရသည်။
ယာဉ်များ နှစ်လမ်းသွားမောင်းနှင် နိုင်ကြမည့်အပြင် ရံဖန်ရံခါ ယာဉ် သုံးစီး ရှောင်တိမ်းသွားလာနိုင်ရန် အတွက် အမာခံလမ်းပခုံးသားများကို သတ်မှတ်အရည်အသွေးမီ ဂဝံ ကျောက်အရင့်များဖြင့် ယာဉ်သွား လမ်းတစ်ဖက်တစ်ချက်စီ၌ အပို ငါး ပေစီဖြင့် ဆောင်ရွက်ပေးထားသေး သည်။ ထိုကဲ့သို့အမာခံလမ်းပခုံးသား များ ဆောင်ရွက်ပေးလိုက်ခြင်းဖြင့် ယာဉ်သွားလာရာအများဆုံးဖြစ်သော ရုံးပိတ်ရက်များ၌ အမာခံလမ်းပခုံး သားများအပေါ်ပါ ယာဉ်များ ဖြတ်သန်းမောင်းနှင်နိုင်ကြမည်ဖြစ်သည်။ ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန် လမ်းပိုင်းခင်းကျင်းဆောင်ရွက်ရေး အတွက် ကုမ္ပဏီမှ အင်ဂျင်နီယာနှင့် ဝန်ထမ်းအင်အား ၂ဝဝ ကျော်နှင့် လုပ်သားအင်အား ၆ဝဝ ကျော်ဖြင့်ခင်း ကျင်းဆောင်ရွက်ခဲ့ပြီး ယာဉ်မတော် တဆမှုများ မဖြစ်ပွားစေရေးအတွက် လမ်းကွေ့များ၌ အခြားနိုင်ငံများလမ်း ပိုင်းနည်းတူ Guard Rail များ၊Guard Post များဆောင်ရွက်ထားရှိ သည်။
မြန်မာရွှေသရဖူဆောက်လုပ်ရေးကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးတင် မျိုးက ''ဒီလမ်းပိုင်းကလမ်းဟောင်းတစ် ခုကို ဖောက်လုပ်ရတာဆိုတော့ လမ်း ပိုင်း ခင်းကျင်းဆောင်ရွက်နေတဲ့အချိန် မှာ ဘုရားဖူးလာယာဉ်များလည်းရှိ တော့ လုပ်ငန်းလုပ်ဆောင်ရာမှာနည်း နည်းတော့ အခက်အခဲရှိပေမယ့် စနစ်တကျ သေချာလုပ်နိုင်ခဲ့ပါတယ်။ Guard Railများ၊Guard Post များဆောင်ရွက်ထားတာဖြစ်လို့ ယာဉ် မတော်တဆမှုများ ဖြစ်ပွားခဲ့ရင် တောင်မှ ယာဉ်တိမ်းမှောက်တဲ့အဆင့် မဖြစ်တော့ဘဲ ဘေးကပွတ်တဲ့အဆင့် ပဲဖြစ်တော့မှာပါ။ ခုလိုလမ်းပိုင်း ဆောင်ရွက်ပြီးစီးသွားပြီဆိုတော့ ရန်ကုန်နဲ့ဟင်္သာတကို ဖြတ်သန်း နိုင်တဲ့ ဒီလမ်းပိုင်းဟာကုန်စည်စီးဆင်း မှုလည်း ကောင်းမွန်လာတော့မှာဖြစ် ပြီး ကျန်းမာရေးမကောင်းတဲ့ လူနာ များအတွက်လည်း အချိန်မီကယ်ဆယ် နိုင်တော့မှာဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးတစ်ခုလုံးမှာ ဒီလို ခင်းကျင်း ဆောင်ရွက်ထားတဲ့လမ်းပိုင်း မျိုးလည်းမရှိပါဘူး။ လမ်းပိုင်းခင်း ကျင်း ဆောင်ရွက်နေချိန်မှာလည်း အင်ဂျင်နီယာများကိုယ်တိုင်က တစ် ပတ်ခြားတစ်ခါ လာရောက်ကြည့်ရှုစစ် ဆေးခဲ့တာဆိုတော့ လမ်းပိုင်းရဲ့လိုအပ် တဲ့အရည်အသွေးစံချိန်မီရှိနေပါပြီ'' ဟု လုပ်ငန်းခွင်အတွင်း ရှင်းပြခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ် လမ်းမတော်လမ်းနေထိုင် သော ဒေသခံဦးခင်မောင်ချိုက ''ဟိုတုန်းကဆို ဒီလမ်းပိုင်းက အင်မတန်ဆိုးရွားတဲ့ ကျောက်ခင်း လမ်းပိုင်းပါ။ ဒီလမ်းပိုင်းမခင်းခင်တုန်း ကဆို လမ်းပိုင်းဆက်သွယ်ရေး မကောင်းခဲ့ပါဘူး။ ဒီကနေ ဇလွန် မြို့နယ်ကိုသွားမယ်ဆိုရင် တစ်နာရီ ခွဲလောက်ကြာပါတယ်။ ခုတော့ နာရီ ဝက်လောက်နဲ့တောင်ရောက်ပါတယ်။ ဒီလိုလမ်းပိုင်းကောင်းသွားတော့ ယာဉ် တိုက်မှုတွေ များပြားလာပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြတဲ့ ဆိုင်ကယ်များ၊ယာဉ် များကို သက်ဆိုင်ရာက တာဝန်ရှိသူ များက ကြပ်မတ်ဖို့တော့လိုပါလိမ့်မယ်'' ဟု ဆိုလေသည်။
ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန်လမ်းပိုင်းသည် ပြေပြစ်ချောမွေ့ ခဲ့ပြီဖြစ်သောကြောင့် ခရိုင်နှစ်ခု အကြားရှိ မြို့နယ်အသီးသီးမှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီး သည် ပို့ဆောင်ရေးလုပ်ငန်းများ၊ ဘုရားဖူးယာဉ်များနှင့် ကျန်းမာရေး ဆိုင်ကိစ္စရပ်များမှာ အဆင်ပြေလွယ် ကူချောမွေ့တော့မည်ဖြစ်ပြီး အဆိုပါ လမ်းပိုင်းစီမံကိန်းအား ပြီးခဲ့သည့် နှစ် မတ်လမှစတင်ခဲ့ကြောင်းနှင့် တစ်နှစ် တာကာလအတွင်းအပြီးသတ်ဆောင် ရွက်နိုင်ခဲ့ကြောင်း မြန်မာရွှေသရဖူ ဆောက်လုပ်ရေးကုမ္ပဏီမှ သိရ သည်။
သတင်းနှင့်ဓာတ်ပုံ(စိုးဝင်း-MLA)

No comments:

Post a Comment