Thursday, May 26, 2016

ပြည်သူ့ကောင်စီဥပဒေနှင့် နိုင်ငံတော်ကောင်စီဥပဒေတို့ကိုရုပ်သိမ်းသည့် ဥပဒေကြမ်းများ ပြင်ဆင်ချက်မရှိ အတည်ပြု

 
 

နေပြည်တော် မေ ၂၅

ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းနှင့် နိုင်ငံတော် ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်းတို့ကို အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ရာ ပြင်ဆင်ချက်အဆို တင်သွင်း ဆွေးနွေးသည့် ကိုယ်စားလှယ်မရှိသည့် အတွက် ပြည်သူ့လွှတ်တော်က ယနေ့ ကျင်းပသည့် အစည်းအဝေး ၃၂ ရက် မြောက်တွင် ပြင်ဆင်ချက်မရှိ အတည်ပြု လိုက်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းနှင့် နိုင်ငံတော် ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်းတို့ကို ပြင်ဆင်ချက်မရှိ အတည် ပြုကြောင်းနှင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၉ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး ကြေညာခဲ့သည်။

ယနေ့အစည်းအဝေးတွင် တန့်ဆည် မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ဝက်တိုးကျေးရွာ အနီးရှိ ဝက်တိုးစိုက်ကွင်း မြေဧက ၄ဝဝဝ နီးပါးကို နိုင်ငံတော်၊ ဒေသခံပြည်သူ များနှင့် သိမ်းဆည်းခံလယ်သမားများ အကျိုးရှိအောင် မည်သို့ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဝက်တိုးစိုက်ကွင်းရှိ ဧရိယာ ၃၇၂၆ ဧက ကို နိုင်ငံပိုင်စိုက်ကွင်းအဖြစ် သတ်မှတ် ဖော်ထုတ်ခဲ့ပါကြောင်း၊ စိုက်ပျိုးနိုင်သော ဧရိယာ ဧက ၁၃ဝဝ၊ ဖော်ထုတ်ခြင်းမပြုရ သေးသော ဧရိယာ ၂ဝ၃၁ ဧကနှင့် မစိုက်ပျိုးနိုင်သော ဧရိယာ ၃၉၅ ဧကရှိ ပါကြောင်း၊ ၃၇၂၆ ဧကအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရရှိထားပြီးဖြစ်ပါကြောင်း။
၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် စုစုပေါင်း ဧရိယာ ၄၃၅ ဧကမှ သီးနှံမျိုးကောင်း မျိုးသန့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် တောင်သူများ အကျိုးရှိအောင် ဧက ၁၂ဝဝ ကို မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်နိုင်ရေးအတွက် ဌာနအစီအစဉ် ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍လည်းကောင်း စီမံဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။

စုစုပေါင်း ၃၇၂၆ ဧကသည် တောင်သူများထံမှ သိမ်းဆည်းထားခြင်း မဟုတ်ပါကြောင်း၊ ဌာနမှတာဝန်ယူ ဆောင်ရွက်နိုင်သည့် ဧက ၁၂ဝဝ ကို သာ ဆက်လက်တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ပြီး ကျန်ရှိသော ၂၅၂၆ ဧကကို နိုင်ငံတော်သို့ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြန်လည်အပ်နှံပြီး ဒေသခံ တောင်သူများ တရားဝင်လုပ်ကိုင်နိုင် ရေး စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။

မိုးကုတ်မဲဆန္ဒနယ်မှ ဦးအောင်နိုင် (ခ)ဦးနိုင်ငံကျော်၏ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဖွံ့ဖြိုးမှုရန်ပုံငွေဖြင့် မိုးကုတ် မြို့အင်းကြီးအား ပြုပြင်တည်ဆောက် ခြင်း လုပ်ငန်းပြီးပြတ်မှုမရှိသေးသည် ကို ဆက်လက်ဆောင်ရွက်ရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက မိုးကုတ်အင်း သဲနုန်းတူးဖော်ခြင်းနှင့် အခြားလိုအပ်သည့် ဆက်စပ်လုပ်ငန်း များကို သီးသန့်ရန်ပုံငွေကျပ်$သန်း ၁၉၁ဝ တင်ပြတောင်းခံ၍ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မိုးကုတ်အင်း ပြန်လည်ပြုပြင် ခြင်းဖြင့် မူလရေသိုလှောင်နိုင်သော ပမာဏ ၂ဝ၃ ဧကပေခန့်မှ ဧကပေ ၆ဝဝ ခန့်အထိ ပိုမိုသိုလှောင်နိုင်ပြီဖြစ်ပါ ကြောင်း။

မိုးကုတ်အင်း၌ ကန်တွင်းသဲနုန်း တူးဖော်ခြင်း၊ ကန်ပေါင်မြေဖို့ခြင်း၊ ကန်ပေါင်အတွင်းဘက် ရေလှိုင်းကာ ကျောက်ရိုးစီခြင်း၊ ကန်ပေါင်ထိပ်ပြင် ခဲစာခင်းခြင်း၊ ရေပိုလွှဲတည်ဆောက် ခြင်းနှင့် ရေဝင်အဆောက်အအုံတည် ဆောက်ခြင်း၊ ကန်ပေါင်ထိပ်ပြင်၊ အလျော နှင့်အောက်ခြေတို့တွင် ရေဆင်းမြောင်း များ ပြုလုပ်ခြင်း၊ ကန်ပေါင်ပေါ်သို့ တက်ရန် လှေကားများပြုလုပ်ခြင်း လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ခဲ့ပါကြောင်း။

မိုးကုတ်အင်းဧရိယာနှင့်ဆက်စပ် ၍ဆောင်ရွက်ရမည့် ရေဆိုးထုတ်မြောင်း အလျား ပေ ၂၆၅ဝ၊ ထိပ်ဝအကျယ် ၁၂ ပေ တူးဖော်ပြုပြင်ခြင်းလုပ်ငန်းအား ခန့်မှန်းခြေစာရင်းတွင် ပါဝင်ခြင်းမရှိ သော်လည်း ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရေပိုလွှဲအထွက်မြောင်းနှင့် ဆက်စပ်လျက်ရှိသော ရေဆိုးထုတ် မြောင်းအလျားပေ ၁ဝဝဝ ခန့်မှာ သက် ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ဦးစီး ဌာနနှင့် မြို့နယ်အထောက်အကူပြု အဖွဲ့များ၏ စီမံခန့်ခွဲမှုများဖြင့် ဆောင် ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း။

ကန်ပေါင်ပေါ်တွင် လမ်းမီးတိုင် စိုက်ထူခြင်း၊ သံဆန်ခါကာရံခြင်း၊ ရေပို လွှဲအထွက်မြောင်း၊ ရေဆိုးထုတ်မြောင်း တူးဖော်ခြင်းနှင့် မိုးကုတ်အင်း ရေရှည် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆက်လက်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ဖြေကြား သည်။
(သတင်းစဉ်)

No comments:

Post a Comment