Tuesday, May 31, 2016

ဝန်ထမ်းများစိတ်ဓာတ်ခွန်အားများတိုးပွားစေရန် ဟောပြောပွဲကျင်းပ



The Mirror Daily's photo.
နေပြည်တော် မေ ၃ဝ
ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်ရှိ ဝန်ထမ်းများ စဉ်ဆက်မပြတ် ပညာ ဆည်းပူးလေ့လာစေရန်နှင့် စိတ်ဓာတ်ခွန်အားများ ရရှိစေရန် ရည်ရွယ်၍ မေ ၃ဝ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် ကြေးမုံသတင်းစာတိုက်ရှိ ဘိုးဝဇီရ ခန်းမ၌ ဟောပြောပွဲကျင်းပသည်။
အဆိုပါဟောပြောပွဲကို မန္တလေးမြို့ရှိ စည်သူ ရောင်းဝယ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင် မြင့်ထွန်းနှင့် Lucky Home Group of Company မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သီတာစန်းတို့က မိမိတို့ စီးပွားရေးလုပ်ငန်းတွင် ဖြတ်သန်းလာခဲ့သည့် ဘဝ စိန်ခေါ်မှုအမျိုးမျိုး၊ တွေ့ကြုံခဲ့ရသည့်အခက်အခဲ အကျပ် အတည်းများ၊ စိတ်ဓာတ်ခွန်အားခိုင်ကြည်ရန် ကျင့်ကြံ အားထုတ်မှုများ၊ စီးပွားရေးအတွေးအမြင်များ၊ ဝန်ထမ်း များအတွက် စိတ်စွမ်းရည်တိုးတက်ဖွယ်ရာများကို ဟောပြောဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ မြန်မာ့အလင်း၊ ကြေးမုံနှင့် နေပြည်တော်သတင်းစာတိုက်တို့မှ ဝန်ထမ်းများ တက်ရောက်ကြပြီး ဟောပြောချက်များအပေါ် မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ၄င်းတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း-သိမ့်သိမ့်မိုး
ဓာတ်ပုံ-ငွေကြယ်

No comments:

Post a Comment