
ချန်းရှာ မေ ၂၅
လွန်ခဲ့သောသီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် တရုတ်နိုင်ငံအလယ် ပိုင်း ဟူနန်ပြည်နယ်တွင် လူပေါင်း ၂၇ဝဝဝကျော် နေရပ်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဟူနန်ရေကြီးမှု ထိန်းချုပ်ရေးအာဏာပိုင်များက ယင်းပြည်နယ်၏ အနောက် မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းကြောင့် လူနေအိမ်ခြေ ၁၈၂၆ လုံး ပျက်စီးသွားကြောင်းပြောခဲ့သည်။
ဟူနန်ပြည်နယ် ရေလှောင်ကန်လေးခုမှ ရေတံခါးများကို ရေများလျှံထွက်မကျစေ ရန်နှင့် ကျိုးပေါက်မှုမရှိစေရန် ရေများလွှတ်ပေးခဲ့ရပြီး ကျန်းဟွာစီရင်စုတွင် လည်း စာသင်ကျောင်းများကို ရေများဖုံးလွှမ်းလျက်ရှိသောကြောင့် ပိတ်ထားခဲ့ရသည်။
ကွီတုန်းစီရင်စုအနီးရှိ အဝေးပြေးလမ်းပိုင်းတစ်နေရာတွင် မြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ကြောင်း သိရသည်။ ဒေသဆိုင်ရာအာဏာပိုင် များက ယင်းအပျက်အစီးပြိုကျမှုများကိုဖယ်ရှားရန် အနည်းဆုံး ရက် ၂ဝ ကြာ မြင့်မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။
ပြည်နယ် ရေကြီးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်မှုသက်သာရေးဌာနချုပ်မှ ယန်စီ မြစ်၊ ဆောင်ဟွာကျန်းမြစ်၊ ဟိုင်ဟီမြစ်နှင့် ပုလဲမြစ်များ၏ ကမ်းပါးရေလျှံမှုများကြောင့် ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
ရေကြီးမှုများသည် အယ်နီညိုနှင့် သက်ဆိုင်မှုရှိကြောင်း မိုးလေဝသပညာရှင် များကပြောသည်။ ရေကြီးမှုများသည် မေလကုန်ခန့်တွင် ပုံမှန်အတိုင်းပြန်ဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ၄င်းတို့က ပြောသည်။
(ဆင်ဟွာ)
No comments:
Post a Comment