Monday, May 30, 2016

အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ ပြခန်းပေါင်း ၆၃ ခန်း ခင်းကျင်းပြသ



 
 
 
 
နေပြည်တော် မေ ၂၉


မြန်မာ့အသေးစား စက်မှုလက်မှု ထုတ်ကုန်များကို ပြည်သူများ ပိုမိုသိရှိ လာစေရန် ပြပွဲမှတစ်ဆင့် လုပ်ငန်းရှင် များအချင်းချင်း ချိတ်ဆက်မိပြီး ပြည်ပ ဈေးကွက်အထိ ထိုးဖောက်နေရာယူနိုင် မည့် စံချိန်စံòန်းမီ အရည်အသွေးမြင့် တန်ဖိုးမြင့် ကုန်ချောထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ရည်ရွယ်ချက် များဖြင့် အသေးစား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို မေ ၂၈ ရက် နံနက် ၈ နာရီက မြောက်ဥက္ကလာပမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးဝင်း အတွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ တိုင်းဒေသကြီး ဝန်ကြီး ဦးဟန်ထွန်းနှင့် ဧည့်သည်တော်များသည် အသေးစား စက်မှုလက်မှုလုပ်ငန်း ပြခန်း များ၊ အင်ဂျင်နီယာ ကုန်ထုတ်သမဝါယမ အသင်း အရောင်းပြခန်းများ၊ လူသုံးကုန် စားသောက်ကုန်များနှင့် သွင်းကုန်အစား ထိုး စက်ပစ္စည်း အရောင်းပြခန်းများ၊ ပြည်ပသို့တင်ပို့လျက်ရှိသော လက်မှု ထည်များ၊ ယွန်းထည်နှင့် ရက်ကန်း ပညာပေးပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

အဆိုပါ အသေးစား စက်မှုလက်မှု ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ ကို မေ ၂၈ ရက်မှ ၂၉ ရက်အထိ ပြခန်း ပေါင်း ၆၃ ခန်းဖြင့် ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိရာ စိတ်ပါဝင်စား သူများ လေ့လာဝယ်ယူနိုင်ကြောင်း သိရှိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်း ရေလှောင်တမံသို့ ရောက်ရှိကြပြီး ဆည်ရေသိုလှောင်ထိန်းသိမ်းထားမှုနှင့် ဒေသသောက်သုံးရေ ဖြန့်ဝေပေးနေ မှုများကို ကြည့်ရှုစစ်ဆေးရာ ညွန်ကြားရေးမှူး ဦးမင်းဆွေက ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက ရက် ၁ဝဝ စီမံချက် သိသာထင်ရှားစွာ အကောင် အထည် ဖော်နိုင်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့အနေဖြင့် ပြည်သူအား အမှန်တကယ် ကျေးဇူးပြုနိုင်မည့် လုပ်ငန်းများကို ထိရောက်သော အစီအမံ များချမှတ်ပြီး မိမိတို့ကျရာ အခန်းကဏ္ဍမှ ကြိုးပမ်းအားထုတ် အကောင်အထည် ဖော် ဆောင်ရွက်ပေးကြရန် ဆွေးနွေး မှာကြားသည်။
ယင်းမှတစ်ဆင့် သုံးခွမြို့နယ် တကောကျေးရွာအနီး တကောရေတံခါး သို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများက ဒေသအတွင်း ရေစီးရေလာ အဆင်ပြေ ချောမွေ့စေရေး လိုအပ်ချက်များကို တင်ပြကြရာ ဒေသ၏ လက်ရှိလိုအပ်ချက် နှင့် နောင်ရေရှည်တွင် ဖြစ်ပေါ်လာနိုင် မည့် အကျိုးအပစ် ဖြစ်နိုင်ခြေများကို ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်း တွက်ချက်ပြီး ဒေသနေပြည်သူများ အတွက် အကျိုးအရှိဆုံးဖြစ်မည့် အစီအမံ များကို အမြန်ဆုံးဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment