Friday, May 27, 2016

ကျန်ရှိနေသည့်အငှားအိမ်ရာ အခန်း ၄ဝဝ ကျော် မေ ၃ဝရက်တွင် အငှားချပေးမည်



 
 
 
 
 
အောင်ရဲသွင်

မန္တလေး မေ ၂၆

မန္တလေး အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းတစ်လျှောက် ၌ ယာယီတဲများဆောက်လုပ်နေထိုင်၍ ကာယလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ လုံခြုံစိတ်ချစွာ နေထိုင် နိုင်ရန် အငှားအိမ်ရာများ တည်ဆောက်ပေးခဲ့ရာ ကျန်ရှိနေ သည့် အငှားအိမ်ရာတိုက်ခန်း ၄ဝဝ ကျော်ကို မေ ၃ဝ ရက် တွင် မဲစနစ်ဖြင့် ထပ်မံအငှားချထားပေးမည်ဖြစ်ကြောင်း သိရ သည်။

မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ကမ်းနား လမ်းတစ်လျှောက် ၁၄ လမ်းမှ ၂၁ လမ်းအထိ တာဝန်ယူတည် ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်း ၁၅၈၄ ခန်းအနက် ၁၁၈၁ ခန်းကို မတ် ၇ ရက်တွင် မဲစနစ်ဖြင့် အခန်းနေရာများအငှားချထားပေးခဲ့ပြီး ယခုကျန်ရှိနေသည့် အခန်း ၄ဝဝ ကျော် ကို ဒုတိယအသုတ်အနေဖြင့် ထပ်မံအငှားချထားပေးခြင်း ဖြစ် ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''အရင်ပထမအသုတ်က မဲနှိုက်အခန်းချထားပေးပြီး လာ ရောက်မဆက်သွယ်တဲ့
အခန်း၂ဝ ကိုလည်း ဒီ မေလ ၃ဝ ရက်အထိ လာရောက်ဆက်သွယ်မှုမရှိရင် ဒုတိယ အသုတ်မှာ ထည့်သွင်းပြီး မဲစနစ်နဲ့ ပြန်လည်ချထားပေးမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆိုသည်။

အငှားအိမ်ရာစီမံကိန်းကို မ္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ငွေကျပ်သန်းပေါင်း ၁၁ဝဝဝ အကုန်အကျခံတည်ဆောက်ထားခြင်းဖြစ်ပြီး ၁၂ ခန်းတွဲ ခြောက်ထပ် အဆောက်အအုံပေါင်း၂၂ လုံးမှ အခန်းအရေအတွက် ၁၅၈၄ ခန်းကို အငှားချထားပေးနေကြောင်း သိရသည်။

No comments:

Post a Comment