Sunday, May 1, 2016

ယူနန်ပြည်နယ် ဗုဒ္ဓဘာသာအသင်း ရန်ကုန်မြို့ရှိစေတီတော်များအား ဖူးမြော်


The Mirror Daily's photo.
ရန်ကုန် ဧပြီ ၃ဝ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာကုမာရာ ဘိဝံသ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် သာသနာရေးလုပ်ငန်းများလေ့လာရန် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဗုဒ္ဓဘာသာ အသင်း ဒုတိယဥက္ကဋ္ဌ ယူနန်ပြည်နယ် တာလေမြို့ ချောင်ချင့်ဘုရားကျောင်း၏ ပဓာနနာယက ဆရာတော် မစ္စတာ ချောင့်ဟွားနှင့်အဖွဲ့သည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မင်္ဂလာမဂ္ဂဇင်း (မြန်မာပြည်ရုံးခွဲတာဝန်ခံ) နြွ င်္နှု နှင့် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၉ ရက် နံနက်ပိုင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များအား ဂါရဝပြုဖူးမြော်ပြီး ဘုရားပုထိုးစေတီများအား လှည့်လည်ဖူးမြော်ကြည်ညို ကြကြောင်း သိရသည်။
ယူနန်ပြည်နယ် ဗုဒ္ဓဘာသာအသင်းဒုတိယဥက္ကဋ္ဌ ယူနန်ပြည်နယ် တာလေမြို့ ချောင်ချင့်ဘုရားကျောင်း၏ ပဓာန နာယကဆရာတော်နှင့်အဖွဲ့သည် ဧပြီ ၂၉ ရက် နံနက် ၇ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများနှင့်အတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် သို့ သွားရောက်ဖူးမြော်ပြီး နံနက် ၈ နာရီခွဲတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာကုမာရာဘိဝံသ နှင့် ဆရာတော်များအား သံဃမဟာနာယကအဆောင်၌ ဂါရဝပြုဖူးမြော်ပြီး ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြသည်။
မွန်းလွဲပိုင်းတွင် ဆရာတော် မစ္စတာ ချောင်ဟွာနှင့် အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)တို့ကို သွားရောက်လေ့လာပြီး ညနေပိုင်းတွင် ဝရဓာတုစေတိယစွယ်တော်မြတ်စေတီ နှင့် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ် ကြီး (ကျောက်တော်ကြီးဘုရား)တို့သို့ သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက ရှင်းလင်းတင်ပြ ကြောင်း သိရသည်။ (ကြေးမုံ)

No comments:

Post a Comment