Thursday, April 28, 2016

Captain America: Civil War ကို လန်ဒန်မှာ စမ်းသပ်ပြသ

The Mirror Daily's photo.
မာဘယ်လ်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ ''Captain America: Civil War'' ရုပ်ရှင်အတွက် စမ်းသပ်ပြသတဲ့အခမ်းအနားကို ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က လန်ဒန်မှာရှိတဲ့ ဝက်စ်ဖီးလ်ကွင်းမှာ ပြုလုပ်ခဲ့ရာ ယင်းရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်အချို့ တက်ရောက်ခဲ့ကြောင်း ယူပီအိုင် ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
ယင်းရုပ်ရှင်ကို လော့စ်အန်ဂျလိစ်နဲ့ ကမ္ဘာတစ်ဝန်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကတည်းက ရုံတင်ပြသခဲ့ပေမယ့် မြောက်အမေရိကန်မှာတော့ လာမယ့် မေ ၆ ရက်မှာ စတင်ရုံတင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ယခုပြသခဲ့တဲ့ရုပ်ရှင် ''Captain America: Civil War'' မှာ ယခင် ထုတ်လွှင့်ခဲ့ပြီးဖြစ်တဲ့ ''Captain America'' ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင် ထားကြတဲ့ ရောဘတ်ဒေါင်နေဂျူနီယာ၊ ခရစ်အီဗန်စ်၊ ဆမ်မြူရယ်အယ်လ် ဂျက်ဆန်၊ အန်သိုနီမက်ကိုင်း၊ အယ်လိဇဘတ်အိုလ်ဆန်၊ စကားလက်ဂျိုဟန်စန် စတဲ့ ဟောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပြီး ယခုရုပ်ရှင်မှာ လူစွမ်း ကောင်းတွေဟာ စတိဗ်ရော်ဂျာစ် (ကပ္ပတိန်အမေရိက)အဖြစ် ပါဝင်သရုပ် ဆောင်ထားတဲ့ ခရစ်အီဗန်စ်ရဲ့ ခေါင်းဆောင်မှုနောက်ကို လိုက်ပါကြမယ့် အုပ်စုနဲ့ တိုနီစတာ့ခ်(သံလူသား)အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ရောဘတ်ဒေါင်နေဂျူနီယာရဲ့ ခေါင်းဆောင်မှုနောက်လိုက်မယ့် အုပ်စုရယ်လို့ အုပ်စုနှစ်စုကွဲသွားတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
အေးပြည့် - ရေးသားသည်

No comments:

Post a Comment