Thursday, April 28, 2016

ဘင်ဇီမာနှင့် စီရိုနယ်လ်ဒိုတို့ ချန်ပီယံလိဂ်ဒုတိယအကျော့တွင် ကြံ့ခိုင်မှုပြည့်ဝလာမည်ဟု ဇီဒန်းဆို

The Mirror Daily's photo.
တိုက်စစ်မှူး စီရိုနယ်လ်ဒိုသည် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ပါဝင်လာနိုင်ခြင်းမရှိသော်လည်း ဒုတိယအကျော့တွင်မူ တိုက်စစ်မှူး စီရိုနယ်လ်ဒိုနှင့် ဘင်ဇီမာတို့ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်လာမည်ဖြစ်ကြောင်း နည်းပြဇီဒန်းက ဆိုသည်။
မန်စီးတီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ် ခဲ့ပြီး စီရိုနယ်လ်ဒိုပါဝင်လာခြင်းမရှိသည့် ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ် ပိုင်းကိုလည်း ဂါရတ်ဘေးလ်က ဦးဆောင်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တိုက်စစ်မှူး စီရိုနယ်လ်ဒိုနှင့် ဘင်ဇီမာတို့မှာ ပုံမှန်လေ့ကျင့်ရေး ဆင်းနိုင်ပြီဖြစ်သောကြောင့် ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အဆိုပါတိုက်စစ်မှူးနှစ်ဦးစလုံးပါဝင်လာ မည်ဖြစ်ကြောင်း နည်းပြဇီဒန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment