Saturday, April 30, 2016

ရုရှားကိုဟန့်တားရာတွင် နေတိုးတပ်ဖွဲ့နှင့်ဂျာမနီပူးပေါင်းရန်ဆန္ဒရှိ



Myanmaalinn's photo.
ဘာလင် ဧပြီ ၂၉

မဟာမိတ်တပ်များ၏ အရှေ့ပိုင်း နယ်စပ်၌ ရုရှားကိုဟန့်တားနေသည့် နေတိုးတပ်ဖွဲ့များနှင့် ဂျာမနီက ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိ ကြောင်း ဂျာမနီ အွန်လိုင်းသတင်း ဌာနတစ်ခုဖြစ်သော စပီးဂဲလ်က ကြာသပတေးနေ့တွင် ထုတ်ပြန် ခဲ့သည်။
ဇူလိုင်လတွင် ဝါဆော၌ နေတိုး အစည်းအဝေး ကျင်းပမည်ဖြစ်ရာ ဂျာမနီတပ်ဖွဲ့ဝင်များကို လစ်သူး ယေးနီးယားသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိနေတိုးတပ်ဖွဲ့ကို အင်အားဖြည့်တင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နေတိုးအဖွဲ့တွင် ပါဝင်ရေးကို အစည်းအဝေး၌ ဂျာမနီဘက်က ကမ်းလှမ်းမည်ဖြစ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ကြေညာသည်။
ဟန်နိုဗာ၌ ဗြိတိန်၊ ပြင်သစ် အီတလီခေါင်းဆောင်များနှင့် အမေ ရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အစည်းအဝေး ကျင်းပနေစဉ်အတွင်း တံခါးပိတ်ဆွေးနွေးမှု နောက်ကွယ်တွင် မာကယ်သည် နေတိုးတပ်ဖွဲ့အတွက် အမျိုးသား ကာကွယ်ရေးတပ်မတော်မှ ကူညီ ထောက်ပံ့မှုများ ပြုလုပ်လိုကြောင်း သဘောတူညီခဲ့သည်ဟု သိရသည်။
ဟန်နိုဗာ အစည်းအဝေးကို အိုဘားမားကဦးဆောင်ပြီး ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့မှ စစ်ရေးအရ အကူ အညီ အထောက်အပံ့များပေးရေးကို အဓိကဆွေးနွေးခဲ့ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
ရိုမေးနီးယား၊ ပိုလန်နှင့်ဘောလ်တစ် နိုင်ငံများရှိ မဟာမိတ်တပ်များအတွက် စစ်ဆင်ရေးအသစ်များကို နေတိုး အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းမှ တပ်ဖွဲ့ဝင်ပေါင်း ၁ဝဝဝ ခန့် ပါဝင် သည့် တပ်ရင်းတစ်ခုပို့ဆောင်ပေး ရဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

(ဆင်ဟွာ)

No comments:

Post a Comment