Saturday, April 30, 2016

ကိုရီးယားလူမျိုး အမေရိကန်တစ်ဦးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်မြောက်ကိုရီးယားချမှတ်


Myanmaalinn's photo.
ပြုံယမ်း ဧပြီ ၂၉

သူလျှိုမှုဖြင့် ပြီးခဲ့သော အောက်တို ဘာလကတည်းက ဖမ်းဆီးထား သော ကိုရီးယားလူမျိုး အမေရိကန်တစ်ဦးကို သောကြာနေ့က မြောက်ကိုရီးယား အမြင့်ဆုံးတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
အမေရိကန်နှင့် တောင်ကိုရီး ယားနှစ်နိုင်ငံ၏ညွှန်ကြားမှုဖြင့် ကင်ဒုံ ချူးသည် နိုင်ငံရေးနှင့် စစ်ရေး လျှို့ဝှက်ချက်များကို စုဆောင်းထားပြီး မြောက်ကိုရီးယား ဆန့်ကျင်သည့် မူဝါဒများ ချမှတ်လှုံ့ဆော်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်သည်။ မတ်လ နှောင်းပိုင်းက မြောက်ကိုရီးယားတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပ စဉ်အတွင်း အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၆၂ နှစ်အရွယ် အဆိုပါ ပုဂ္ဂိုလ်သည် မြောက်ကိုရီးယား၏ ထိပ်တန်း သတင်းအချက်အလက်များ၊ နိုင်ငံ၏စစ်ရေး လူနေမှုဆိုင်ရာ အခြေအနေများကို တောင်ကိုရီးယားနိုင်ငံသားများ၏ တောင်းဆိုမှု အရ ရှာဖွေစုဆောင်းရခြင်းဖြစ်ကြောင်း ၄င်း၏ အမှားအတွက် တောင်းပန်ခဲ့သည်။
အဆိုပါအချက်အလက်များကို အစိုးရရုံး ဌာနများအပါအဝင် သတင်းစာဆရာများက တောင်းဆိုကြခြင်းဖြစ်ပြီး ယင်းအတွက် ငွေကြေး မြောက်မြားစွာရရှိခဲ့ကြောင်း သိရသည်။

(ကျိုဒို)

No comments:

Post a Comment