Saturday, April 30, 2016

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စရပ်များ ဆွေးနွေး


Myanmaalinn's photo. 
Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၉

မြန်မာနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နေရာတွင် ဆွီဒင်နိုင်ငံက ပါဝင်ရွေးချယ်ခံမည့်ကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွီဒင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Ms. Isabella Lovin တို့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနဧည့်ခန်းမ၌ တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့အလန် မာရှယ်သည် နံနက် ၁ဝ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ တက်စ်ဘီလ်ဂူအန်း တူမာကူလာဒ်သည် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် လည်းကောင်း သီးခြားစီ လာရောက်တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေးကိစ္စရပ်များ၊ အခြား အကျိုးတူကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment