Saturday, April 30, 2016

ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများကစားရန်မြန်မာအမျိုးသမီးအသင်း လူရွေးချယ်



The Mirror Daily's photo.


သတင်း၊ဓာတ်ပုံ-ရှိုင်းထက်ဇော်

ရန်ကုန် ဧပြီ ၂၉

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် နယ်သာလန်နိုင်ငံသား ရော်ဂျာရိုင်နာသည် ဂျပန်နိုင်ငံတွင် ခြေစမ်းပွဲများယှဉ်ပြိင်ကစားရန် အတွက် အပြီးသတ်ကစားသမား ၂၃ ဦးကို ရွေးချယ်ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်အတွက် ရွေးချယ်လေ့ကျင့်ပေး နေသည့် ပဏာမကစားသမား ၂၆ ဦးအနက် သုံးဦးလျှော့ချကာ အပြီးသတ်ကစားသမား ၂၃ ဦးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် မေ ၆ ရက်မှ ၂၅ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဂျပန်အမျိုးသမီးကလပ် အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ ယခုဂျပန်ခြေစမ်းခရီးစဉ်မှာ မြန်မာအမျိုးသမီးအသင်း၏ အာဆီယံ အမျိုးသမီးပြိုင်ပွဲမတိုင်မီ ပထမဆုံးပြုလုပ်သည့် ပြည်ပလေ့ကျင့်ရေးခရီးစဉ်နှင့် ခြေစမ်းပွဲလည်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဂျပန်ခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲအနည်းဆုံး လေးပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဂျပန်ခြေစမ်းခရီးစဉ်သွားရောက်မည့် မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်အဖြစ် ရော်ဂျာရိုင်နာ (နယ်သာလန်)၊ လက်ထောက် နည်းပြများအဖြစ် ဦးအောင်နိုင်နှင့် ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား-ခင်သီတာအေး၊ မေဇင်နွယ်၊ သန္တာဦး၊ နောက်တန်း-ဖူးပွင့်ခိုင်၊ ဝေဝေအောင်၊ ဇင်မာဝင်း၊ အေးအေးမိုး၊ လဲ့လဲ့လှိုင်၊ ဇင်မာထွန်း၊ ငယ်ငယ်ထွေး၊ ခင်သန်းဝေ၊ အလယ်တန်း-ခင်မာလာထွန်း၊ အေးမျိုးမြတ်၊ ရူပါခိုင်၊ မေစံပယ်ဖူး၊ ခင်မိုမိုထွန်း၊ ရှေ့တန်း-ခင်မိုးဝေ၊ ရီရီဦး၊ နော်အားလိုဝါးဖော၊ လှယဉ်ဝင်း၊ ဝင်းသီင်္ဂီ ထွန်း၊ မေသူကျော်နှင့် နီလာဝင်းတို့ပါဝင် သည်။ အပြီးသတ်ရွေးချယ်ရာတွင် ဇာခြည်ဦး၊ ငုဝါသဲနှင့် ဂိုးသမား ဇာဇာမြင့်တို့ကျန်ရစ်ခဲ့သည်။

No comments:

Post a Comment