Friday, April 29, 2016

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အပြည့်အဝေထမ်းဆောင်နိုင်ရေးအတွက် တပ်များစွမ်းဆောင်ရည်မြင့်မားစေရန် အလေးထားလုပ်ဆောင်


Myanmaalinn's photo.
 နေပြည်တော် ဧပြီ ၂၈

တပ်မတော်၏ အဓိကတာဝန်မှာ တိုင်းပြည်ကိုကာကွယ်ရန်၊ ပြည်သူ လူထုကို စောင့်ရှောက်ရန်နှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ခေါင်းဆောင်များ၏ မှန်ကန်သော ဦးဆောင်မှု၊ ညီညွတ်မျှတသော အုပ်ချုပ်မှုအောက်တွင် လက်အောက် မှလည်း တရားနည်းလမ်းကျစွာ တိုက်တွန်း မှာကြားချက်များကို အလေးထား လိုက်နာရမည်ဖြစ် ကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင် နေသည့် ကာလတွင် မိမိတို့အားလုံး ထိုက်ထိုက်တန်တန် ကြိုးစားလုပ် ဆောင်ရန် တိုက်တွန်းလိုကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျဉ်ပုံကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ပျဉ်ပုံကြီးတပ်နယ်သို့ ရောက်ရှိပြီး မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့များ၊ အသားတိုးဝက်၊ ဥစားကြက်နှင့် နို့စားနွား မျိုးကောင်း မျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးမှု အခြေ အနေများ တင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆေးနိမ့်စစ်သည်များကို ထိုက်တန် သော နေရာချထားမှုနှင့်အတူ ၄င်း တို့၏ လုပ်အားများဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွား ရန်၊ အသားတိုးဝက်၊ ဥစားကြက်နှင့် နို့စားနွားများကို စစ်သည်မိသားစု များသာမက ရန်ကုန်မြို့နှင့် ပဲခူးမြို့ တို့ကိုပါ ဖြန့်ဖြူးရောင်းချနိုင်သည် အထိ တိုးချဲ့ဆောင်ရွက်ရန်၊ လုပ်ငန်း ကျွမ်းကျင်မှုရှိစေရေး စိုက်ပျိုးမွေးမြူ ရေးသင်တန်းများပေးရန်၊ ထုတ်လုပ် သည့် သီးနှံမျိုးစေ့များ၏ အထွက်နှုန်း ကိုပြန်လည်စိစစ်၍ မျိုးကောင်း မျိုးသန့်ဖြစ်စေရေး ထိန်းသိမ်းကြပ် မတ်ရန်၊ စိုက်ပျိုးရေးအတွက် လိုအပ်ပါက Green House များ စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တပ်နယ်ခန်းမတွင် ပျဉ်ပုံကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ပူးတွဲတာဝန် ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ် ဌာနချုပ်တိုင်းမှူးနှင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိတို့ အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အပြည့်အဝထမ်းဆောင် နိုင်ရေးအတွက် တပ်များ စွမ်းဆောင် ရည်မြင့်မားစေရန် အလေးထား လုပ် ဆောင်ခဲ့ကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ တပ်မတော်သင်တန်း ကျောင်းများအား အဆင့်မြှင့်တင် ခြင်း၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ အရည် အချင်းပြည့်ဝသည့် နည်းပြများ ဖြည့်တင်းခြင်း၊ ပြည်တွင်းပြည်ပ အဆင့်မြင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းကာလများ ပြင်ဆင်ရေးဆွဲ ခြင်း စသည့် လေ့ကျင့်ရေးနယ်ပယ် မြှင့်တင်ခြင်းများကို လုပ်ဆောင်ပေး ခဲ့ကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက် ၍စားသောက်၊ နေထိုင်ရေး၊ သွားလာ ရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စ အဝဝတွင် ပိုမိုတိုးတက်ကောင်းမွန် အောင် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း။
ပညာရေးနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် ပညာ ရေးအားနည်းသည့် စစ်သည်များအား ပညာရည်မြှင့်တင်ရေး အလေးပေး လုပ်ဆောင်နေကြောင်း၊ Standard Army တည်ဆောက်ရာတွင်လည်း အတန်းပညာသည် အခြေခံဖြစ်ခြင်း ကြောင့် တပ်မတော်တစ်ရပ်လုံးပညာ ရည်မြှင့်တင်ရေး လုပ်ဆောင်နေ သကဲ့သို့ မိသားစုဝင်များ၏ ပညာ ရည်မြှင့်တင်မှု လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပညာရည် ထူးချွန်သူများကိုလည်း ထိုက်တန်စွာ ဆုချီးမြှင့်ခြင်း၊ ပညာ သင်စရိတ်ချီးမြှင့်ခြင်းများ လုပ်ဆောင် ပေးနေကြောင်း၊ ၄င်းအပြင် စာဖတ် အား ကောင်းမွန်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာကြည့်တိုက် များ စနစ်တကျရှိရေး ကြပ်မတ် ဆောင်ရွက်ပေးနေကြောင်း၊ စစ်သည် မိသားစုများ၊ မိဘများကလည်း သားသမီးများ ပညာရေးတိုးတက် မြင့်မားစေရန် တိုက်တွန်းအားပေး၍ ပညာရေးကို အလေးထားကြိုးစားကြ ရန် တိုက်တွန်းလိုကြောင်း။
တပ်မတော်သားများ တာဝန် ထမ်းဆောင်ရာတွင် နောက်ဆံမငင် ရစေရန်အတွက် စစ်မှုထမ်းဟောင်း များနှင့်ပတ်သက်၍ ကျဆုံးသွားသည့် တပ်မတော်သားများ၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဆောင်စဉ် မသန်စွမ်းဖြစ်သွားသူများ၊ သက်ပြည့် တာဝန်ထမ်းဆောင်သူ အငြိမ်းစား တပ်မတော်သားများ၊ အကြောင်း အမျိုးမျိုးကြောင့် နုတ်ထွက်ခွင့်ပြု လိုက်သည့် စစ်မှုထမ်းဟောင်းများ စသည်ဖြင့် သတ်မှတ်ထားသည့် အမျိုးအစားအလိုက် စစ်မှုထမ်း ဟောင်း အိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာ၊ ဘိုးဘွားရိပ်သာများ ဆောက်လုပ်ပေး နေမှုအခြေအနေများ၊ စစ်မှုထမ်း ဆောင်စဉ် ကိုယ်လက်အင်္ဂါ စွန့်လွှတ် ခဲ့ရပြီး မသန်စွမ်းဖြစ်သွားသူ တပ်မတော်သားများ အတွက် အင်အားဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေး တပ်များတွင် နေထိုင်ရေးအပြင် အလုပ်အကိုင် အတွက် ထည့်သွင်းစဉ်းစားလုပ် ဆောင်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပျဉ်ပုံကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် ဘုရားဆင်းတုတော်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ပေးအပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေ များကို ပေးအပ်သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က စား သောက်ဖွယ်ရာများကို လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အားကစားပစ္စည်းများကို လည်းကောင်းအသီးသီးပေးအပ်ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် အင်းတိုင်တပ်နယ်ရှိ ရန်ငြိမ်းအေးခန်းမတွင် နယ်မြေခံ တပ်မဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ မိသားစု များကို တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မဌာန ချုပ်၏ ကာလရှည်ကြာစွာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်မှုအား ဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း၊ စစ်၏သဘောတရားတွင် ဉာဏ်ကိုသုံးပြီး စစ်နည်းဗျူဟာမြောက် တိုက်ပွဲဝင် နိုင်ပါက အောင်မြင်မည်ဖြစ်ကြောင်း၊ အောင်မြင်မှုများရရှိသကဲ့သို့ ဆုံးရှုံး မှုများလည်း ရှိနိုင်သဖြင့် ပေါ့ဆ၍ မရကြောင်း၊ ဆောင်ရွက်ခဲ့သည်များကို ပြန်လည်သုံးသပ်ပြီး နောင်တွင် ပိုမို အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လေ့ကျင့်ရေးများကို စနစ်တကျဆောင်ရွက်ပြီး လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လုပ်ငန်း စဉ်များအတိုင်း လက်တွေ့နယ်ပယ် တွင် ထိရောက်စွာအသုံးချရန် လို ကြောင်း။
ပြည်သူလူထုအား ညီအစ်ကို မောင်နှမစိတ်၊ မိသားစုစိတ်မွေး၍ လုံခြုံစွာ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး တပ်မတော်နှင့် ပြည်သူ တစ်သားတည်း ရှိရမည်ဖြစ်ကြောင်း၊ ကိုယ့်မိသားစု လုံခြုံစေသကဲ့သို့ မိမိ နှင့်ဆက်စပ်နေသည့် ပြည်သူ့ဘဝ လုံခြုံအောင် ကာကွယ်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကျရောက်ချိန်များတွင်လည်း တတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် တာဝန်ထမ်း ဆောင်ရာ၌ ဥပဒေနှင့်အညီဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများ တွင်လည်း ချမှတ်ထားသည့် မူဝါဒ နှင့်အညီ ပြေလည်အောင်ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ တပ်မတော်သားများအနေဖြင့် နိုင်ငံ တော်ကာကွယ်ရေး၊ စောင့်ရှောက်ရေး နှင့် ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်အောင် ကြိုးပမ်းလုပ် ဆောင်ကြရန်ဖြစ်ကြောင်း မှာကြား သည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အင်းတိုင်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် သုတ၊ ရသ စာအုပ်၊ စာစောင် များကို ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အတွက် ချီးမြှင့်ငွေများကို ပေးအပ် သည်။
ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စစ်ထောက် ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အားကစားပစ္စည်းများကို လည်း ကောင်း အသီးသီးပေးအပ်ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment