Thursday, March 31, 2016



The Mirror Daily's photo.
ဝါရှင်တန် မတ် ၃ဝ

ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် ယခုနှစ်လယ်ထက်နောက်မကျဘဲ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းသုံး လေယာဉ်ထုတ်လုပ် ရေးဌာနခွဲရှိ အလုပ်အကိုင်နေရာ ၄ဝဝဝ ခန့် လျှော့ချမည်ဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက မတ် ၃ဝ ရက်တွင် ပြောကြားသည်။

ဘိုးရင်းကုမ္ပဏီသည် ပျံသန်းရေးနှင့်သုတေသန စမ်းသပ်မှုများအတွက် တာဝန်ယူဆောင်ရွက်နေသော ဌာနခွဲတစ်ခုရှိ အလုပ်အကိုင်နေရာ ၅၅ဝ ခန့်ကိုလည်း လျှော့ချမည်ဖြစ်သည်။

မြို့ပြလေကြောင်းစက်မှုလုပ်ငန်းဈေးကွက်၌ ကမ္ဘာတစ်ဝန်းယှဉ်ပြိုင်မှုမြင့်မားလာခြင်းကြောင့် ကုမ္ပဏီလုပ်သားအင်အား၏ ၁ဝ ရာခိုင်နှုန်းကို လျှော့ချမည်ဖြစ်ကြောင်း ဆီယက်တဲလ်တိုင်းမ်သတင်းစာက ရေးသားဖော်ပြသည်။
ရိုက်တာ။

No comments:

Post a Comment