Thursday, March 31, 2016

မြန်မာနိုင်ငံအတွက် သမိုင်းသစ်စတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ပေါ်ပေါက်လာပြီ

 နေပြည်တော် မတ် ၃ဝ

နိုင်ငံတော်သမ္မတတာဝန်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတအသစ်အဖြစ် ရွေးချယ်ခြင်းခံထားရသည့် ဦးထင်ကျော်ထံ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို
လွှဲပြောင်းပေးအပ်သည့် ကြေညာ ချက်ကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ အဆောင်အယောင် ရွှေစလွယ်ကို နိုင်ငံတော် သမ္မတအသစ်အဖြစ် ရွေးချယ်ခြင်း ခံထားရသည့် ဦးထင်ကျော်ထံ လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံ တော်သမ္မတအသစ် ဦးထင်ကျော်တို့ ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းနှင့် တက်ရောက်လာ ကြသူများက ဒုတိယသမ္မတအသစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတအသစ် ဦးဟင်နရီဗန်ထီးယူနှင့် တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီး များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment