ပေကျင်း မတ် ၁
တရုတ်နိုင်ငံသည် ယခုနှစ် တတိယသုံးလပတ်ကာလတွင် ကမ္ဘာပတ်လမ်းကြောင်းသို့ ဒုတိယမြောက်အာကာသ ဓာတ်ခွဲခန်းယာဉ်ကို လွှတ်တင်မည်ဖြစ်ကြောင်းနှင့် ၂ဝ၂၂ ခုနှစ်ခန့်တွင် အာကာသယာဉ်မှူးများ နေထိုင်အလုပ် လုပ်ကိုင်နိုင်မည့် အာကာသစခန်းယာဉ်ကို အမြဲတမ်း ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်သည့် ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်သည် အစိုးရ အဖွဲ့၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ အာကာသ စွမ်းပကားမြင့်မားသည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရန် သမ္မတ ရှီကျင့်ဖျင်က လမ်းညွှန်ထားကြောင်း သတင်းတွင် ရေးသားဖော်ပြသည်။
လာမည့်နှစ် ပထမနှစ်ဝက်ကာလတွင် လွှတ်တင်ရန် စီစဉ်ထားသော ထန်ကျိုး-၁ (ကောင်းကင်ဘုံယာဉ်) အမည်ရှိ ကုန်တင်အာကာသယာဉ်တစ်စင်းကို ထန်ကောင်း-၂ (ကောင်းကင်ဘုံနန်းတော်)အမည်ရှိ အာကာသယာဉ် နှင့် ချိတ်ဆက်နိုင်မည်ဟု မျှော်မှန်းထားသည်။
တရုတ်နိုင်ငံသည် ယခုနှစ် စတုတ္ထသုံးလပတ်ကာလတွင် ရှင်ကျိုး-၁၁ အမည်ရှိ အာကာသယာဉ်ကို လွှတ်တင်ရန်လည်း စီစဉ်ထားသည်။ အဆိုပါ အာကာသယာဉ်နှင့် အတူ အာကာသယာဉ်မှူးနှစ်ဦးလိုက်ပါမည်ဖြစ်သည်။ ရှင်ကျိုး-၁၁ အာကာသယာဉ်သည် ထန်ကောင်း-၂ အာကာသယာဉ်နှင့်ချိတ်ဆက်ရန် စီစဉ်ထားသည်။
ဆင်ဟွာ။
No comments:
Post a Comment