ရန်ကုန် ဖေဖော်ဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကကြီးမှူးကျင်းပသည့် ''ဒို့ကျေး ရွာဂျာနယ် ဝတ္ထုတိုပြိုင်ပွဲ''နှင့် ''ဒို့ကျေး ရွာအလှရှုမဝ'' ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ စင်ထရယ်ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်သိမ်း တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်သိမ်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၊ ဆုရွေး ချယ်ရေး အကဲဖြတ်အဖွဲ့ဝင်များဖြစ်ကြသော မြန်မာနိုင်ငံစာရေးဆရာ အသင်းမှ မြင်းမူမောင်နိုင်မိုးနှင့် ဒေါ်ချိုချိုတင်(မစန္ဒာ)၊ ဓာတ်ပုံအကဲ ဖြတ်အဖွဲ့ဝင်များဖြစ်ကြသော ဓာတ်ပုံ ပညာရှင် ပန်းချီစိုးမိုးနှင့် ဓာတ်ပုံ ပညာရှင် ဦးမြင့်သိန်းဖေတို့က ဆုရရှိ ကြသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ဆုရရှိကြသူများ ကိုယ်စား ဒေါ်ခင်အေးမူ (ခင်လပြည့်ဝန်း)က ကျေးဇူးတင်စကားပြောကြားသည်။
''ဒို့ကျေးရွာဂျာနယ် ဝတ္ထုတိုပြိုင်ပွဲ''တွင် ပထမဆုကို ဦးစံရွှေမင်း (ကျော် ဖြိုးလွင်)၊ ဒုတိယဆုကို ဒေါ်ခင်အေးမူ (ခင်လပြည့်ဝန်း)၊ တတိယဆုကို ဦးစိန်ဝင်း(အိမ်မဲဦးစိန်ဝင်း)၊ အထူးဆု (၁)ကို ဒေါ်ခင်မာကြည်(မလေးခင်-ဟင်္သာရွှေမြေ)၊ အထူးဆု(၂)ကို နော်လယ်မူဖော(ရို့စ်)၊ အထူးဆု(၃)ကို ဒေါ်ဝင်းကြည်(မကျေးဥ)၊ အထူး ဆု(၄)ကို ဒေါ်မြင့်မြင့်သန်း(မေကျော်- ပြန်/ဆက်)နှင့် အထူးဆု(၅)ကို ဒေါ်ဟေမာကြည်စိုး(ချစ်ဆုပန်)တို့က ရရှိကြသည်။
''ဒို့ကျေးရွာအလှ ရှုမဝ''ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ(ဌာနတွင်း)တွင် ပထမဆုကို ဦးဝေဖြိုးအောင်(ချမ်းမြသာ စည်မြို့နယ်ရုံး)၊ ဒုတိယဆုကို ဦးဇော် ဝင်းအောင် (ရမည်းသင်းခရိုင်ရုံး)၊ တတိယဆုကို ဦးရဲသူရအောင်(ညောင် ဦးခရိုင်ရုံး)၊ အထူးဆု(၁)ကို ဦးနန်ရှင်း ခိုင်(ရုံးချုပ်)၊ အထူးဆု(၂)ကို ဦးကျော် သန်း(ပေါက်တောမြို့နယ်ရုံး)၊ အထူး ဆု(၃)ကို ဦးနန်ရှင်းခိုင်(ရုံးချုပ်)၊ အထူး ဆု(၄)ကို ဦးသန်းနိုင်ဦး (ငဖဲမြို့နယ်ရုံး) နှင့် အထူးဆု(၅)ကို ဦးရန်နိုင်ထွန်း (ကျွန်းစုမြို့နယ်ရုံး)တို့က ရရှိကြသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓါတ်ပုံ - ဇော်မင်းလတ
ဓါတ်ပုံ - ဇော်မင်းလတ
No comments:
Post a Comment