Wednesday, March 2, 2016

တာချီလိတ်မြို့တွင် မီနီမားကက်၊ ပျံကျဈေးနှင့် အဝေးပြေးယာဉ်ဂိတ်နားနေဆောင်ဖွင့်


The Mirror Daily's photo.
တာချီလိတ် မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ အများပြည်သူ ဈေးရောင်းဈေးဝယ်များ စနစ်တကျရှိစေရေးအတွက် အဆင့်မြင့် ဝမ်ကောင်းမြို့မဈေးအပေါ်ထပ် ရှိ မီနီမားကက်၊ စားသောက်ဆိုင်နှင့် ပျံကျဈေးသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီ က အဆိုပါ ဈေးသစ်ရှေ့၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအထိမ်းအမှတ်အလံ ငယ်များအား မြို့နယ်စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုး ထွန်းက ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းနှင့် ပြည်နယ် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထိုက်တို့ထံ ပေးအပ်ပြီး တာဝန်ရှိသူများက ပျံကျဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ပျံကျဈေးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုသည်။ အဆိုပါ ပျံကျဈေးသစ်အား ငွေကျပ်သိန်း ၁၃ဝဝ ဖြင့် မြေအကျယ် ပေ ၈ဝပတ်လည်၌ ပျံကျ ဈေးခုံ ၁၄၆ ခုံနှင့် မြို့မဈေးအပေါ် ထပ်တွင် ငွေကျပ်သိန်း ၂၃ဝဝ ဖြင့် မီနီမားကက် ၁၂ ခန်းနှင့် ကလေးကစားကွင်းများကို ဆောင်ရွက်ပေးထားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရွှေရေကန်သွင်းကုန် ထုတ်ကုန် ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားသည့် ငွေကျပ်သိန်း ၉၇၄ဝဖြင့် မြေဧရိယာ ၁ဒသမ ၂၆ ဧကအကျယ် အဝန်းတွင် အများပြည်သူသွားလာမှု ပိုမိုလျင်မြန်လွယ်ကူ အဆင်ပြေရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချော မွေ့စေရေးအတွက် ရည်ရွယ်ဆောက် လုပ်ခဲ့သည့် မီနီမားကက်ဆိုင်ခန်းများ၊ အဝေးပြေးယာဉ်ဂိတ်နားနေ ဆောင်ဖွင့်ပွဲသို့ တက်ရောက်သည်။
ထို့နောက် မီနီမားကက်ဆိုင်ခန်း များနှင့် အဝေးပြေးယာဉ်ဂိတ်နားနေဆောင်ဖွင့်ပွဲအား ပြည်နယ်စည်ပင် သာယာရေးဌာနခွဲ၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း အောင်နှင့် ရွှေရေကန်သွင်းကုန်ထုတ် ကုန် ကုမ္ပဏီလိမီတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းနွမ်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)

No comments:

Post a Comment