Wednesday, February 3, 2016

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဂန္ဓကုဋိတိုက်၌ ဂေါတမမြတ်စွာဘုရားဓာတ်တော်နှင့်အဂ္ဂသာဝက ရဟန္တာမထေရ်မြတ်ကြီးနှစ်ပါးတို့၏ ဓာတ်တော်များ ဖူးမြော်နိုင်



The Mirror Daily's photo.


ရန်ကုန် ဖေဖော်ဝါရီ ၂

ဂေါတမမြတ်စွာဘုရား ဓာတ်တော်၊ လက်ယာရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာရဟန္တာမထေရ်မြတ်ကြီး ဓာတ်တော်၊ လက်ဝဲရံအဂ္ဂသာဝက ရှင်မဟာမောဂ္ဂလာန် ရဟန္တာမထေရ်မြတ်ကြီးတို့၏ ဓာတ်တော်များအား အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၏ စီမံဆောင်ရွက်ပေးမှုဖြင့် အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက် ပသျှဝါစေတီ (ယခုပါကစ္စတန်နိုင်ငံ)မှပင့်ဆောင်ခဲ့ပြီး ၁၉၅၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှစ၍ ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဂန္ဓကုဋိတိုက်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။

အဆိုပါဓာတ်တော်များအား သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး ဂန္ဓကုဋိတိုက်အတွင်း အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် အပတ်စဉ် (ဥပုသ်နေ့နှင့် တနင်္ဂနွေ နေ့များ)တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဖူးမြော်နိုင်ရန် ဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment