Sunday, February 28, 2016

ထိပ်ဆုံးမှ ရတနာပုံအသင်းအဝေးကွင်း၌နိုင်ပွဲရယူ

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

တောင်ကြီး ဖေဖော်ဝါရီ ၂၇

၂ဝ၁၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၈) ဒုတိယနေ့ပွဲစဉ်များ ကို ယနေ့ ဆက်လက်ကျင်းပရာ ရတနာပုံ၊ ဟံသာဝတီနှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။
တောင်ကြီးကွင်း၌ ကျင်းပသောပွဲတွင် ရတနာပုံအသင်းက ရှမ်း ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ရတနာပုံ အသင်းသည် လူငယ်ကစားသမား ဝင်းနိုင်စိုး၏ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဦးစိုးမြတ်မင်း လက်ထက်တွင် ရှမ်းယူနိုက်တက်အသင်း ကစားပုံတိုးတက်လာသော် လည်း ရလဒ်ကောင်းရယူနိုင်ခြင်းမရှိသေးဘဲ အိမ်ကွင်း ပထမဆုံး ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ ရှမ်းယူနိုက်တက်အသင်းသည် ခြောက်ပွဲ ဆက် နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ပုံစံကောင်းရရန် ကြိုးပမ်းနေရ သည့် ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပြီး နိုင်ငံခြား သား ကစားသမားသုံးဦးနှင့်အတူ သီဟစည်သူ၊ ဝင်းမင်းထွန်း၊ ဟိန်းသီဟဇော်တို့ဖြင့် ပွဲထွက်ခဲ့ သည်။ ရတနာပုံအသင်း၏ ပွဲထွက် လူစာရင်းတွင် စည်သူအောင် ပြန်ပါလာပြီး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။ နှစ်သင်းစလုံးအနိုင်ရရှိရေးအတွက် တိုက်စစ်ဖွင့်ကစားရာပွဲမှာ အပြန် အလှန်ရှိခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းမှာ ရတနာပုံအသင်းဘက်သို့ ဖိအားပေးကစားနိုင်ခဲ့သော်လည်း တိုက်စစ်၌ အဆုံးသတ်အားနည်း ခြင်းကြောင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။ ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ရတနာပုံအသင်းမှာ အဝေးကွင်းတွင် အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ၃၂ မိနစ်တွင် ဝင်းနိုင်စိုးက သွင်းယူပေး ခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့သော်လည်း ချေပဂိုးရရှိ အောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။

သုဝဏ္ဏကွင်း၌ ကျင်းပသောပွဲ တွင် ဟံသာဝတီအသင်းက ဇေယျာ ရွှေမြေအသင်းကို နှစ်ဂို-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဟံသာဝတီအသင်း အတွက် အနိုင်ဂိုးများကို အီဗန်စ်နှင့် ချစ်လှအောင်တို့က သွင်းယူပေးခဲ့ သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်း ကSouthern အသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ရန်ကုန်အတွက် အနိုင်ဂိုးများကို အက်ဒီဆင်က နှစ်ဂိုး၊ မာဆယ်လိုနှင့် ဇော်မင်းထွန်းတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။
ယနေ့ပွဲ
(သုဝဏ္ဏ)
မကွေး-ဇွဲကပင်
(အောင်ဆန်းကွင်း)
ရခိုင်-ဧရာဝတီ

No comments:

Post a Comment