ကောင်းမြတ်သူ-စုစည်းသည်
အီတလီနည်းပြ အန်တိုနီယိုကွန်တေးအနေနဲ့ ယခုသီတင်းပတ်အတွင်း မှာ
နည်းပြရာထူးသစ်နေရာအတွက် ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့
တွေ့ဆုံဆွေးနွေးဖို့ လန်ဒန်ကိုသွားရောက်လိမ့်မယ်လို့ ဆိုပါတယ်။ ကွန်တေး ဟာ
နွေရာသီကတည်းက ချယ်လ်ဆီးအသင်းနည်းပြဖြစ်လာဖို့ မျှော်လင့်ထား ခဲ့တာလို့
ဆိုပါတယ်။ လာမယ့်နှစ်ရာသီမှာ ချယ်လ်ဆီးနည်းပြ နေရာအတွက် ဆွေးနွေးဖို့ ၂၄
နာရီအတွင်း အင်္ဂလန်ကိုသွားရောက်လိမ့်မယ်လို့ သူ့ရဲ့ ကိုယ် စားလှယ်တွေက
ဆိုပါတယ်။ ကွန်တေးဟာ လက်ရှိချယ်လ်ဆီးနည်းပြ ဟစ် ဒင့်နေရာမှာ ဆက်ခံဖို့
ထိပ်ဆုံးမှ ပြေးနေတဲ့သူလည်းဖြစ်ပါတယ်။ သူဟာ လက်ရှိ
အီတလီနည်းပြလုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ချယ်လ်ဆီးအသင်း နဲ့ တစ်ရာသီကို
ပေါင်ခြောက်သန်းနဲ့ စာချုပ်ဖို့ လိုလားနေတယ်လို့ ဆိုပါ တယ်။ သို့ပေမယ့်
ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုအောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကိုတော့
မပြောနိုင်သေးပါဘူး။
No comments:
Post a Comment