Wednesday, February 3, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
ပို့ကုန်၊သွင်းကုန်နှင့်ဝင်ငွေ

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် တံခါးဖွင့်စီးပွားရေးစနစ်ကျင့် သုံးပြီးနောက် ပို့ကုန်နှင့်သွင်းကုန်ပမာဏမှာလည်း တစ်နှစ် ထက်တစ်နှစ်  မြင့်မားတိုးတက်လာလျက်ရှိပါသည်။ ဤသို့ တိုးတက်လာမှုနှင့်အတူ ကောင်းမွေဆိုးမွေများကိုလည်း ပြည်သူ များခံစားနေကြရပါသည်။ ပို့ကုန်များမြင့်မားလာသည်နှင့် အမျှ နိုင်ငံခြားဝင်ငွေများတိုးတက်ရရှိလာသည်မှာ  အမှန်ပင်ဖြစ်ပါ သည်။
သို့သော် ထိုပို့ကုန်နှင့်   သွင်းကုန်များသည်  ယနေ့Consumer Price  ဟုခေါ်သည့်  ကုန်ဈေးနှုန်းနှင့်ဆက် စပ်ပတ်သက်လျက်ရှိပါသည်။  နိုင်ငံခြားမှ  ကုန်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းသည်ဖြစ်စေ၊  ပြည်တွင်းမှ  ထွက်ကုန် များ ပြည်ပနိုင်ငံများသို့တင်ပို့သည်ဖြစ်စေ နိုင်ငံခြားငွေအမေရိ ကန်ဒေါ်လာနှင့် ရောင်းဝယ်ရခြင်းဖြစ်၍ ဒေါ်လာအပေါ်တွင် အခြေခံလျက်ရှိပါသည်။ ဒေါ်လာဈေးမြင့်လျှင် ကုန်ဈေးနှုန်း လည်း မြင့်တက်လာနိုင်ပါသည်။
ဥပမာအားဖြင့် ပြည်တွင်းဆန်ကို ပြည်ပတင်ပို့သည့်အခါ ဒေါ်လာဈေးတက်၍ ပြည်တွင်းဆန်ဈေးလည်း မြင့်တက် လာပါသည်။ ဤတွင် ဆန်ရောင်းသူများ အကျိုးအမြတ်ပိုရလာ ပြီး စားသုံးသူများမှာ ဈေးကြီးပေးဝယ်စားလာရပါသည်။ ထို့ အတူ အခြားသောပို့ကုန်များသာမက သွင်းကုန်များတွင်ပါ ဒေါ်လာအပေါ် အခြေခံထား၍ ကုန်ဈေးနှုန်း၏ရိုက်ခတ်မှုကို ပြည်သူများ ရင်ဆိုင်ကြရပါသည်။
လက်ရှိငွေကြေးဈေးကွက်အတွင်း  အမေရိကန် ဒေါ်လာ ၁ ဒေါ်လာကို မြန်မာငွေကျပ် ၁၃ဝဝ ပတ်ဝန်းကျင်ဈေးပေါက်နေပြီး အရောင်းအဝယ်ပြုလျက်ရှိပါသည်။ ဒေါ်လာဈေးသည် အကျ ဘက် ဦးတည်လာသော်လည်း လက်ရှိအတိုင်း ဆက်လက်တန့် နေမည်ဆိုလျှင် လူတစ်ဦးချင်းဝင်ငွေသည် တိုးတက်လာဖို့လိုပါ သည်။ လက်လုပ်လက်စားမှ  အစပြု၍  လခစားများအထိ လူုတစ်ဦးချင်းဝင်ငွေ တိုးတက်လာဖို့လိုပါသည်။ သို့မဟုတ် ချေက ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ကို ရေရှည်ရင်ဆိုင်နေကြရမည်ဆိုလျှင် ပြည်သူများ၏ ဆင်းရဲတွင်း လွတ်မြောက်ရေးကြိုးပမ်းမှုများသည် အရာမထင်သလိုဖြစ်လာနိုင် ပါသည်။
ပို့ကုန်၊ သွင်းကုန်အပေါ် တိုးတက်ရရှိလာသည့်ဝင်ငွေကို ဆိုလိုခြင်းမဟုတ်ပါ။   လူတစ်ဦးချင်းဝင်ငွေကို ဆိုလိုခြင်းဖြစ် ပါသည်။ လူတစ်ဦးချင်းဝင်ငွေတိုးတက်လာမှသာ ကျွန်ုပ် တို့ကြိုးပမ်းလျက်ရှိသော  ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ် များသည် ပိုမိုထိရောက်မှုရှိလာမည်ဖြစ်ပါသည်။
သို့ဖြစ်၍  ပို့ကုန်၊ သွင်းကုန်အခြေအနေသည်  ပြည်တွင်း ကုန်ဈေးနှုန်းနှင့် အဓိကဆက်စပ်ပတ်သက်နေပြီး လူတစ်ဦးချင်း ဝင်ငွေတိုးတက်မြင့်မားရေးကို အစဉ်တစိုက် အလေးထားဆောင် ရွက်ပေးခြင်းဖြင့်  ဝင်ငွေနှင့်ထွက်ငွေ  မျှတလာမည်ဖြစ်ပါ ကြောင်း။   ။

No comments:

Post a Comment