Friday, January 1, 2016

Mojin: The Lost Legend (3D)






Mojin: The Lost Legend (3D) ) ဇာတ်ကားဟာဆိုရင် တရုတ်လူမျိုး ဒါရိုက်တာWuershan ရဲ့ လက်ရာစွန့်စားမှုအသားပေးအက်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။



ရှေးဟောင်းသင်္ချိုင်းဂူတွေကို ဖောက်ထွင်းရာမှာ နာမည်ကြီးနေတဲ့HU Bayi နဲ့ WANG Kaixuan တို့ နှစ်ယောက်ဟာ ၁၉၈၈ ခုနှစ်ကာလမှာ နယူးယောက်မြို့ကြီးရဲ့လမ်းဘေးမှာ ရှေးဟောင်းပစ္စည်းတွေ ရောင်းဝယ် ဖောက်ကားတာကို လုပ်ကြပါတယ်။ တစ်ချိန်က တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ သူတို့နှစ်ယောက်ဟာ မွန်ဂိုလီးယားဒေသကို ပို့ဆောင်ခြင်းခံခဲ့ရပြီး သူတို့နှစ်ယောက်နဲ့အတူပါလာတဲ့ သူငယ်ချင်းဖြစ်သူ နှစ်ယောက်သား ပြိုင်တူချစ်နေကြတဲ့ Ms DING ဟာ သေဆုံးခဲ့တာကြောင့် သွေးသောက်ညီအစ်ကိုဖွဲ့ပြီး လောကဓံကို အတူရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါ တယ်။ နယူးယောက်မြို့မှာ လူဝင်မှုဝင်ခွင့်ပြဿနာကြောင့်HU Bayi နဲ့ WANG Kaixuan တို့ကို တစ်ချိန်က သူတို့နဲ့အတူ ခရီးသွားလာဖူးတဲ့Shirely Yang ဆိုသူက ကယ်တင်ခဲ့ပါတယ်။



အကြွေးတွေရှိနေတာကြောင့်WANGဟာ မွန်ဂိုလီးယားကိုသွားပြီး လျှို့ဝှက်မိုင်းတွင်းတွေ တူးဖော်တဲ့ကုမ္ပဏီမှာ သွားရောက်လုပ်ကိုင်ပါတယ်။ ဒါကိုသိတဲံ့ HU Bayi နဲ့Yang တို့နှစ်ယောက်ဟာWANG နောက်ကိုတရုတ် ပြည်ကနေတစ်ဆင့် ခြေရာခံပြီး လိုက်လံရှာဖွေခဲ့ကြတဲ့အခါWang ဟာ ရှေးဟောင်းဘာသာရေးဂိုဏ်းတစ်ခုက ဦးစီးလုပ်ကိုင်နေတဲ့ မိုင်းတွင်းတစ်ခု မှာ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ အဲဒီဂိုဏ်းဝင် တွေနဲ့အတူ ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုကို ဝင်ရောက်ရာမှာ လျှို့ဝှက် ထောင်ချောက်တွေ၊ အဆိပ်မြားတွေနဲ့ ကြုံတွေ့ရပြီး အဆိပ်မိသူတိုင်းဟာ ဖုတ်ကောင်တွေဖြစ်သွားကြပါတယ်။WANG ရဲ့နောက်ကို လိုက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာWANG နဲ့အတူ ပိတ်မိနေတဲ့ လျှို့ဝှက်ဂိုဏ်းသား တွေကို ကယ်ထုတ်ဖို့ကြိုးစားရင်း HU Bayi ဟာ သူ့ရဲ့တရုတ်ရှေးဟောင်း ဖုန်းရွှေအတတ်ပညာနဲ့ ဂူသချိုင်းထွက်ပေါက်ကို ရှာဖွေဖို့ကြိုးစားရင်း ဂူထဲမှာ သေခြင်းနဲ့ ရှင်ခြင်း လောကနှစ်ခုကို စီရင်ပေးနိုင်တဲ့ ရှေးဟောင်းပညာရှင်ကြီး နဲ့ ဆုံခဲ့ကြပါတယ်။



အဲဒီမှာHU Bayi နဲ့ WANGတို့နှစ်ယောက်ဟာ သူတို့ရဲ့ကွယ်လွန်ခဲ့ပြီး ဖြစ်တဲ့ သူငယ်ချင်းMs DINGကို အသက်ရှင်လျက် ပြန်တွေ့လိုက်တဲ့အခါ အတိတ်ကအဖြစ်အပျက်တွေကို ဘယ်လိုဆုံးဖြတ်ကျော်လွန်ပြီး လွတ်မြောက် အောင် ကြိုးစားရမယ်ဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ စွန့်စားမှုအသားပေးအက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။


၂ဝ၁၅ ခုနှစ်ရဲ့ သရီးဒီဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Point Break အမည်ရ စွန့်စားခန်းတွေပါဝင်တဲ့ အက်ရှင်ဇာတ်ကားဟာ ၁၉၉၁ ခုနှစ်က ၄င်းအမည်တူဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ သြစတြေးလျ မင်းသားLuke Bracey နဲ့ မင်းသမီးTeresa Palmer တို့နဲ့အတူ ဗင်နီဇွဲလားနိုင်ငံသား မင်းသားÉdgar Ramírez လည်း ပါဝင်ထားတာမို့ သူတို့ရဲ့သရုပ်ဆောင်ကွက်တွေက ပရိသတ်တွေကို အကြိုက်တွေ့စေမှာပါ။ ပြသချိန် ၁၁၃ မိနစ်ကြာတဲ့ ဒီဇာတ်ကားကို ဒီဇင်ဘာလအတွင်းက အမေရိကန် နိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ ဖြန့်ချိပြသခဲ့ပြီး ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၁ သန်းရရှိနေပြီလို့ သိရပါတယ်။


တခြားနိုင်ငံခြားကားတွေအနေနဲ့ကတော့ ပြသဆဲဇာတ်ကားတွေဖြစ်တဲ့DILWALE၊ Star Wars: The Force Awakens နဲ့ Ghost Ship ဇာတ်ကား တွေကို ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။




ဖြိုးစန္ဒာမြင့်-စုစည်းသည်။

No comments:

Post a Comment