Wednesday, January 13, 2016

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်




The Mirror Daily's photo.


အစ္စလာမ်မာဘတ် ဇန်နဝါရီ ၁၂

အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်လက်နက်ကိုင်အဖွဲ့တို့ကြား ငြိမ်းချမ်းမှုရရှိရေးကိုဖော်ဆောင်မည့် လေးနိုင်ငံပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်လိုက်ပြီဖြစ်သည်။

အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများနှင့် ထိပ်တန်း အရာရှိများ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ဇန်နဝါရီ ၁၁ ရက်တွင် စတင်ကျင်းပခဲ့သည်။ အာဖဂန်အစိုးရနှင့် တာလီဘန်တို့ကြား လွန်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းတွင် ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။ ဇူလိုင်လ နှောင်ပိုင်းက တာလီဘန်ခေါင်းဆောင် မိုဟာမက် အိုမာ သေဆုံးသွားပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမေရိကန်နှင့်တရုတ်တို့ပါဝင်ရန် အာဖဂန်နှင့် ပါကစ္စတန်တို့က လွန်ခဲ့သည့်လတွင် သဘောတူညီချက် ရရှိခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါကစ္စတန်ဝန်ကြီးချုပ်၏ အကြံပေးအရာရှိ ဆာတက်အဇစ်က ယခုဆွေးနွေးပွဲသည် အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ပေါင်းစည်းညီညွတ်ရေးအတွက် လမ်းပြမြေပုံတစ်ခုဖော်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်းပြောကြားသည်။

တက်ရောက်လာသည့် လေးနိုင်ငံမှ အရာရှိများက အာဖဂန်တွင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည့် အချိန်ဇယားတစ်ခု သတ်မှတ်နိုင်ရန်နှင့် တာလီဘန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြန်လည်ပါဝင်လာနိုင်စေရန် ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ သဘောထားတင်းမာသည့် တာလီဘန်အချို့က လက်နက်ကိုင်တိုက်ခိုက်နေဆဲဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကန့်ကွက်လျက်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။

အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment