Thursday, January 14, 2016

မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် အီးယူ၏ပါဝင်လုပ်ဆောင်နေမှုများ ဆွေးနွေး



The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁၃

မိမိနိုင်ငံပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် လွန်စွာအရေးကြီးသည့် သမိုင်းသစ်ခြေလှမ်းတစ်ခု ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို စတင်နေပြီဖြစ်ကြောင်း၊ နှစ်ပေါင်း ၆ဝ ကျော် တိုင်းပြည်မတည်မငြိမ်ဖြစ်ခဲ့ရာမှ ယခုအခြေအနေရောက်အောင် ကြိုးစားအားထုတ်ခဲ့ရခြင်းဖြစ်၍ မိမိတို့များစွာမျှော်လင့်ထားကြောင်း၊ ယင်းမှာ ပထမခြေလှမ်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန်များစွာရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ဥရောပသမဂ္ဂ အဖွဲ့ရုံးမှ သံအမတ်ကြီး H.E. Mr. Roland Kobia ကို လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် အီးယူ၏ပါဝင်လုပ်ဆောင်နေမှုများ၊ EU-မြန်မာတပ်မတော်ဆိုင်ရာ ဆက်ဆံရေးအခြေအနေများ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ဘာသာရေးကိုအခြေခံသည့် နိုင်ငံတကာပြဿနာများအား ဆွေးနွေးကြသည်။
(မြဝတီ)

No comments:

Post a Comment