Wednesday, January 13, 2016

နိုင်ငံခြားခရီးသွားများဖြင့်စည်ကားနေသော မင်းကွန်းဒေသ



The Mirror Daily's photo.


မြင်းမူ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများတွင် အထင်ရှားဆုံးနှင့် အစည်ကားဆုံးဒေသများအနက် မင်းကွန်းဒေသသည် နိုင်ငံခြားသားများ စိတ်ဝင်စားသောနေရာ တစ်ခုဖြစ်ခဲ့သည်။

ခြင်္သေ့ကြီး၊ ပုထိုးတော်ကြီး၊ ခေါင်းလောင်းကြီး၊ ရေကန်ကြီး စသော ကြီးလေးကြီးနှင့် မြသိန်းတန်စေတီတို့သည် သမိုင်းမှတ်တမ်းများဖြစ်ခဲ့သည်။ ၎င်းမှတ်တမ်းများထက် မြန်မာ့လက်ရာဖြစ်သော ပန်းချီအရောင်းဆိုင် များ၊ ဒေသထွက်လက်မှုလုပ်ငန်းပစ္စည်းဆိုင်များကိုလည်း အမှတ်တရအဖြစ် ဝယ်ယူအားပေးအသုံးပြုကြသည်။

ပုံတွင်ပါရှိသည့်အတိုင်း နိုင်ငံခြားသားများသည် မင်းကွန်းဒေသထွက် ဝါးခမောက်များကို နှစ်သက်စွာ ဝယ်ယူပြီး မြတ်မြတ်နိုးနိုးအသုံးပြုကာ ပျော်ရွှင်ကြည်နူး နေကြသည်ကို တွေ့မြင်ရသည်။

ထို့ကြောင့် မင်းကွန်းဒေသအရောင်းဆိုင်များသည် အရောင်းအဝယ်ကောင်း၍ ဝင်ငွေအဆင်ပြေကြကြောင်း သိရသည်။
(၆၂၄)

No comments:

Post a Comment