Tuesday, January 12, 2016

ဘိန်းစိမ်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ



The Mirror Daily's photo.


နေပြည်တော် ဇန်နဝါရီ ၁၁

မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက်က နောင်ချိုမြို့အဝင် အေးရှား ဝေါလ်တိုးဂိတ်အနီးတွင် သီပေါမြို့မှ နောင်ချိုမြို့သို့ စည်သူ မောင်းနှင် လာသည့် 9A^... TOYOTA COROLLA ယာဉ်ကို ရှာဖွေရာ ယာဉ်၏ ဒက်ရှ်ဘုတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ငါးခွက် စုစုပေါင်း အလေးချိန် သုည ဒသမ ဝ၆၅ ကီလို၊ ဘိန်းစိမ်း ၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၃၃၅ဝတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ကပင် မူးယစ် တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်အနီးတွင် လားရှိုးမြို့မှ နောင်ချိုမြို့သို့ စိုင်းလှဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ဝ ကို လည်းကောင်း၊ အလားတူ ဇန်နဝါရီ ၇ ရက်က မူးယစ်တပ်ဖွဲ့စု (၃၈)မော်လမြိုင်မှ တပ်ဖွဲ့ဝင်များသည် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အုတ်ဖို လမ်းနှင့် ရွှေပြည်အေးလမ်းထောင့်လမ်းမပေါ်တွင်တွေ့ရှိသူ နိုင်ဇော် ထွန်း(ခ)တရုတ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝ တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက် ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး ရောင်းချသူ မော်လမြိုင်မြို့ ကြာအင်းကျေးရွာ ခရွန်းရပ်ကွက် မွန်စုဆီဆိုင်လမ်းကြားနေ တေဇာအောင်(ခ)အောင်ကိုလတ် (ခ)ကိုလတ်၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၂ဝ၊ သံဘူး ဖြင့်ထည့်လျက် အိုက်စ် သုည ဒသမ ဝ၁၅ ကီလို၊ 9G/....၊ NISSAN AD VAN 12 မော်တော်ယာဉ် တစ်စီးနှင့် မြန်မာကျပ်ငွေ ငါးသိန်း တို့ကို ထပ်မံသိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment