Tuesday, January 12, 2016

ထင်သာမြင်သာပြုပြင်စရာ


မလှိုင်-ချောင်းရိုးသွားလမ်းပိုင်း အပြည့်အ၀ခင်းရန် ဒေသခံများမျှော်လင့်



Myanmaalinn's photo.
မိတ္ထီလာခရိုင် မလှိုင်မြို့မှ ချောင်းရိုးသွားလမ်းပိုင်းသည် အရှည် လေးမိုင်ခြောက်ဖာလုံခန့်ရှိပြီး အဆိုပါလမ်းပိုင်းကို ၁၉၉၆ ခုနှစ်တွင် မြို့နယ် စည်ပင်သာယာရေးအကူအညီဖြင့် ကျေးရွာ ၁၄ ရွာ၊ အိမ်ထောင်စုဝင် ၁၃ဝဝ ခန့်က ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သည်။ ယခုအခါ အဆိုပါ လမ်းပိုင်းသည် ပျက်စီးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ လမ်းပိုင်းကို ပြန်လည်ခင်းကျင်းပေးနေကြောင်း သိရသည်။
''အရင်ပျက်စီးနေတဲ့လမ်းပိုင်းကို ကျောက်လမ်းကနေ ကတ္တရာထပ်ပိုး လွှာလမ်းအဖြစ် ခင်းကျင်းပေးဖို့ သက်ဆိုင်ရာ မြို့နယ်ဌာနတွေကို တင်ပြ တောင်းခံခဲ့တာကြောင့် အခု လမ်းပိုင်းအရှည်ပေ လေးမိုင် ခြောက်ဖာလုံ ရှိတဲ့အနက် အရှည်ပေ တစ်မိုင် သုံးဖာလုံကို တာဝန်ရှိသူတွေက ခင်းကျင်း ပေးနေတာကို ကျေးဇူးတင်ပါတယ်။ ဒီလမ်းပိုင်းပေါ်မှာ နေ့စဉ် အုတ်၊ ကျောက်တင်တဲ့ယာဉ်တွေ၊ သဲတင်ယာဉ်တွေ မောင်းနှင်သွားလာနေတာ ကြောင့် ခင်းကျင်းနေတဲ့လမ်းပိုင်းကို အထူးအလေးထားပြီး အဆင့်မြင့်တဲ့ လမ်းပိုင်းဖြစ်အောင် ခင်းကျင်းပေးစေလိုပါတယ်'' ဟု မလှိုင်မြို့နယ် မြို့သစ် ကျောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။
ထို့ကြောင့် ယခင်က သွားမရအောင် ပျက်စီးနေသော ကျေးလက်သွား လမ်းပိုင်းကို တာဝန်ရှိသူများက ခင်းကျင်းပေးခြင်းကြောင့် ကောင်းမွန်ခဲ့ပြီး ကျန်ခြောက်မိုင် လေးဖာလုံရှိသည့်လမ်းပိုင်းကို ကောင်းမွန်စွာခင်းကျင်းပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(မလှိုင်)

No comments:

Post a Comment