လီဗာပူးတိုက်စစ်မှူး ဖာမီနိုက ဘာစီလိုနာရဲ့ အင်နီယေစတာ၊ အာဆင်နယ်မှ အိုဇေးလ်တို့လို ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တာကြောင့်သူ့ကို ဗဟိုပြုတဲ့ကစားကွက်ကို လီဗာပူးနည်းပြ ဂျာဂင်ကလော့အနေနဲ့ ခင်းကျင်းသင့်တယ်လို့ ဘရာဇီးကစားသမားဟောင်း ရိုနယ်လ်ဒင်ညိုက သူ့အမြင်ကို ပြောပါတယ်။ ဖာမီနိုက ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း ဘွန်ဒက်စ်လီဂါကလပ်ဟော့ဖန်ဟိမ်းကနေ လီဗာပူးကို ပြောင်းရွှေ့ကြေးပေါင် ၂၈ ဒသမ ၇ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အစပိုင်းမှာ ခြေစွမ်းပိုင်းရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့သူ့ရဲ့ တန်ဖိုးအစစ်အမှန်ကို ပြသနိုင်ခဲ့ပါတယ်။
သူဟာ အသင်းအတွက် သွင်းဂိုးငါးဂိုးသာ သွင်းယူပေးနိုင်ခဲ့သေးပေမယ့် သူ့ရဲ့ ဂိုးဖန်တီးမှုတွေ၊ ကွင်းလယ်အထိ ဘောလုံးဆင်းယူ ကစားတတ်မှုတွေက သူဟာ တိုက်စစ် ကစားသမားအစစ်အဖြစ်သာမက ဗဟိုကွင်းလယ်နေရာမှာပါ ကစားနိုင်တယ်ဆိုတဲ့ အချက်ကို ဖော်ညွှန်းနေသလိုပါပဲ။
ရိုနယ်လ်ဒင်ညိုကတော့ ဖာမီနိုက အိုဇေးလ်၊ ဒေးဗစ်ဆေးလ်ဗားနဲ့ အင်နီယေစတာတို့နဲ့ ကစားပုံတူတဲ့ ကစားသမားဖြစ်တာကြောင့် ကွင်းလယ်အားသန်ကစား သမားအဖြစ် ကစားကွက်ခင်းကျင်းပြီး လီဗာပူးအတွက် အောင်မြင်မှုပြန်ရှာ သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
မေလဲ့သင်း - ရေးသားသည်
No comments:
Post a Comment