ကျောက်ဆည် ဇန်နဝါရီ ၁ဝ
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး တိုင်းဒေသကြီးအတွင်းတွင် စိတ်ဝင်စားဖွယ်ရာ မြို့ဟောင်းနေရာများစွာရှိသည်။ ထင်ရှားသည့် မြို့ဟောင်းများမှာ အင်းဝမြို့ဟောင်း၊ ပင်းယမြို့ဟောင်း၊ မက္ခရာမြို့ဟောင်းတို့ဖြစ် သည်။ ထိုမြို့ဟောင်းနေရာများတွင် နန်းဦးစေတီနှင့် အခြားစေတီ ကျောက်စာ အထောက်အထားများ ရှိသည်။ မြို့ဟောင်းများတွင် ထင်ရှားပြီး လူသိများသည့် မြို့ဟောင်း တစ်ခုမှာ မြင်စိုင်းရွှေပြည်ဟု တင်စားဖွဲ့ဆိုခဲ့သည့် မြင်စိုင်းမြို့ဟောင်းပင် ဖြစ်သည်။
မြင်စိုင်းမြို့သည် ပုဂံခေတ်နှောင်းတွင် တည်ထောင်ခဲ့သည်ဟု သိရသည်။ မြင်စိုင်းနှင့်အတူ မက္ခရာမြို့ဟောင်း၊ ပင်လယ်မြို့တို့နှင့် ဆက်စပ်ကာ စိတ်ဝင်စားဖွယ်ဇာတ်လမ်းများရှိခဲ့သည်။ မြန်မာရာဇဝင်အရ ပြော့ရှမ်းလူမျိုး အသင်္ခဗိုလ်သည် မြင်စိုင်းအရပ်သို့ ရောက်ရှိလာပြီး မြန်မာအသည်သူကြီး၏ သမီးနှင့် လက်ဆက်ကာ သားသုံးယောက်၊ သမီးတစ်ဦးထွန်းကားခဲ့သည်။ သားများ အရွယ်ရောက်သည့်အခါတွင် ပုဂံ ပြည့်ရှင် နရပတိမင်းထံ ဆက်သခဲ့သည်။
နရပတိမင်းလက်ထက်တွင် ပုဂံ ပြည်သို့ တာတာတပ်များ တိုက်ခိုက်စဉ် သူတလူငါတစ်မင်းနှင့် ပုဂံပြည်ပြိုကွဲခဲ့သည့်အတွက် အသင်္ခယာသည် မြင်စိုင်း(ကျောက်ဆည်ဒေသ)၊ ညီလတ် ရာဇသင်္ကြန်သည် မက္ခယာ (စဥ့်ကိုင် ဒေသ) ညီအငယ်ဆုံးသီဟသူသည် ပင်လယ် (မြစ်သားနယ်)တို့တွင် အသီးသီး ထီးပြိုင်နန်းပြိုင်စိုးစံပြီး ညီညွတ်စွာဖြင့် တာတာတို့ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိကာလတွင် မြင်စိုင်းရွှေပြည် ဟု တင်စားထားသော မြင်စိုင်းနန်းဦး စေတီနှင့်အတူ ကျောက်စာနှစ်ချပ်ကို လေ့လာနိုင်သည်။ ကျောက်စာတစ် ချပ်မှာ သက္ကရာဇ် ၆၆၁ ထိုးကျောက် စာဖြစ်ပြီး ကျန်ကျောက်စာတစ်ချပ်မှာ သက္ကရာဇ် ၆၉၁ ထိုးနန်းဦးစေတီ ကျောက်စာပင်ဖြစ်သည်။ ကျောက်စာ မှတ်တမ်းအရ မူလအသင်္ခယာ ကောင်းမှု မြင်စိုင်းနန်းဦးစေတီကို သက္ကရာဇ် ၆၉၁ တွင် ဥဇနာမင်းကြီးက မူလစေတီကိုငုံပြီး Óဏ်တော် ၁ဝ၃ တောင်အထိ မြှင့်တင်တည်ခဲ့ကြောင်း သိရသည်။
ယခုအခါ မူလကျောက်စာများကို စနစ်တကျ ကျောက်စာတိုက်ဖြင့် ထားရှိပြီး နှောင်းလူတို့ အလွယ်တကူ လေ့လာနိုင်ရန် ခေတ်စာလုံးပေါင်းဖြင့် ကျောက်စာကို ဘာသာပြန်ပေးထားသည်။ မြင်စိုင်းမြို့ဟောင်းတွင် မြို့ရိုး၊ စေတီဟောင်းများစွာနှင့်အတူ တောင်ထွတ်ဖျားဆီ ရွှေစာတီဟု ဖွဲ့ဆိုခဲ့သော စေတီတို့ကို ယနေ့တိုင် လေ့လာဖူးမြော် နိုင်ကြောင်း သိရသည်။
(တိမ်တမန်)
No comments:
Post a Comment