Sunday, January 31, 2016

မိုးရာသီဘဏ်ချေးငွေများ ကျေပွန်စွာပြန်လည်ပေးဆပ်လျက်ရှိ



The Mirror Daily's photo.


ကျောက်ပန်းတောင်း ဇန်နဝါရီ ၃ဝ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲများသည် တောင်သူလယ်သမားများ ကြွေးမြီကင်းရှင်း၍ လူနေမှုဘဝအဆင့်အတန်းမြင့်မားရေး ရည်မှန်းချက်အရ လယ်ယာထုတ် ကုန်သီးနှံများ တိုးတက်ထုတ်လုပ်နိုင် ရေးအတွက်လိုအပ်သည့် ကုန်ထုတ် လုပ်မှုအရင်းအနှီးများ အချိန်နှင့်တစ်ပြေးညီ ဝယ်ယူသုံးစွဲနိုင်စေရန် ၂ဝ၁၅ ခုနှစ် မိုးရာသီဘဏ်ချေးငွေများကို မြို့နယ်များအလိုက် ထုတ်ချေးပေးခဲ့ပြီး ယခုအခါ သီးနှံပေါ်ရာသီတွင် အဆိုပါချေးငွေများကို ပြန်လည်ကောက်ခံလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ချေးငွေအားလုံး၏ ၉၉ ဒသမ ၅၄ ရာခိုင်နှုန်း ပြန်လည်ကောက်ခံ ရရှိပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂ဝ၁၅ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို ကျေးရွာအုပ်စု ၉၄ အုပ်စုမှ တောင်သူ ၁၉၃ဝ၈ ဦးတို့အား ချေးငွေစုစုပေါင်း သိန်း ၃ဝဝဝဝ ကျော် ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သီးနှံပေါ်ရာသီတွင် ဇန်နဝါရီ ၁ ရက်မှ စတင်ကောက်ခံခဲ့ရာ တောင်သူများကလည်း နိုင်ငံတော်၏ ကျေးဇူးနှင့်စေတနာကို ပြန်လည် တုံ့ပြန်သောအားဖြင့် အချိန်နှင့် တစ်ပြေးညီ ပြန်လည်ပေးဆပ်လျက်ရှိကြရာ ချေးငွေအားလုံး၏ ၉၉ ဒသမ ၅၄ ရာခိုင်နှုန်း ပြန်လည်ကောက်ခံရရှိ ပြီးဖြစ်ကြောင်းသိရပြီး ကျောက်ပန်းတောင်းမြို့နယ်သည် မန္တလေးတိုင်း ဒေသကြီးအတွင်း နှစ်စဉ်နှစ်တိုင်း အစောဆုံး တာဝန်ကျေစွာပြန်လည် ပေးဆပ်သည့် အလေ့အထကောင်းများရှိခဲ့သည့်မြို့နယ်ဖြစ်ကြောင်း သိရသည်။
ကိုနေ (ကျောက်ပန်းတောင်း)

No comments:

Post a Comment