Sunday, January 31, 2016

ထင်သာမြင်သာပြုပြင်စရာ


ပိတောက်မြိုင်ဈေးမှ ရေဆိုးများ ထွက်ပေါက်ပိတ်ဆို့နေ

Myanmaalinn's photo.
လှိုင်သာယာမြို့နယ် အမှတ်(၂၂)အလကခွဲကျောင်းရှေ့၌ ဈေးသည် များ နေရာယူရောင်းချလာမှုကြောင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ သွားလာမှုအခက်ကြုံနေရပြီး ဆိုင်ခန်း များမှ စွန့်ပစ်ပစ္စည်းများ၏ အနံ့ အသက်များ ထွက်ပေါ်လျက်ရှိသည်။
''ကျောင်းရှေ့မှာ ဈေးသည်တွေ မရောင်းဖို့တားမြစ်ပေမယ့် ဂရုမစိုက် ကြဘူး။ လူနေဆိုင်ခန်းတွေဆိုတော့ စာသင်ဆောင်နဲ့သူတို့တွေရဲ့ သန့်စင် ခန်းတွေကကပ်နေတယ်။ ဆိုင်ခန်း တွေကြောင့် ကျောင်းအင်္ဂါနဲ့မညီတာ တော့အမှန်ပဲ''ဟု အနှစ် ၂ဝ ကျော် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမတစ်ဦးက ဆိုသည်။
လှိုင်သာယာမြို့နယ်၏ အဓိက ဈေးကြီးတစ်ခုဖြစ်သော အမှတ်(၇) ရပ်ကွက်ရှိ ပိတောက်မြိုင်ဈေးကြီး သက်တမ်းသည် အနှစ် ၂ဝ ကျော် ရှိပြီဖြစ်ပြီး ဈေးအတွင်းမှ ရေဆိုးများ စီးဆင်းမှုမရှိရခြင်းမှာ ဈေး၏ တစ်ဖက်ရှိ ကျောင်းရှေ့မှ ဈေးဆိုင် များ ရေမြောင်းပေါ်တွင် ဆောက်လုပ် နေထိုင်မှုကြောင့်ဖြစ်ကြောင်း သိရ သည်။
''ဈေးထဲက ရေဆိုးတွေထွက်မှ ဈေးသူဈေးသားတွေနဲ့ ဈေးဝယ် ပြည်သူတွေ သွားလာရေးအဆင်ပြေ မှာပါ''ဟု ပိတောက်မြိုင်ဈေးတာဝန်ခံ က ပြောသည်။

မြင့်မြတ်သစ္စာ

No comments:

Post a Comment