Tuesday, December 29, 2015

ဂျိုကာနိုဗစ်အား ဖူလ်ဟမ်အသင်းနည်းပြအဖြစ် ခန့်အပ်



ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ် အသင်းသည် ဂျိုကာနိုဗစ်အား အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ဖူလ်ဟမ်အသင်းသည် နည်းပြ ကစ်ဆိုင်မွန်အား ထုတ်ပယ်ခဲ့ သည့် နိုဝင်ဘာလကတည်းက နည်းပြ လက်မဲ့ဖြစ်နေသည့်အသင်း ဖြစ်သည်။


အသက်(၄၇)နှစ်အရွယ်ရှိ ဂျိုကာ နိုဗစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက ဝက်ဖို့ဒ်အသင်းအား ချန်ပီယံရှစ်မှ ပရီမီယာလိဂ်သို့ တန်းတက်နိုင်သည် အထိ အကောင်းဆုံးတာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး စာချုပ်ချုပ်ဆိုမှု ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နောက် ဝက်ဖို့ဒ်အသင်းနှင့် လမ်းခွဲခဲ့ သူဖြစ်သည်။


ဂျိုကာနိုဗစ်သည် ဇွန်လအတွင်းက အစ္စရေးကလပ် မက်ကာဘီတဲလ် အဗစ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံ ခဲ့ရပြီး မက်ကာဘီတဲလ် အဗစ်အသင်း သည်လည်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုအဆင့် တက်လှမ်း နိုင်ခဲ့သည်။ နည်းပြဂျိုကာနိုဗစ်သည် ၂ဝဝဝ မှ ၂ဝဝ၂ အထိ ချယ်လ်ဆီး အသင်းတွင် ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သူ ဖြစ်သည်။


(ငွေကြယ်)

No comments:

Post a Comment