Wednesday, December 30, 2015

ကမ္ဘာလုံးဆိုင်ရာ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားတဲ့ မက်ဆီ

 

ကောင်းမြတ်သူ-စုစည်းသည်

ဘာစီလိုနာစူပါစတား လီယွန်နယ် မက်ဆီဟာ ဒူဘိုင်းမှာကျင်းပတဲ့ ကမ္ဘာ့လုံးဆိုင်ရာ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဖလားသုံးလုံးသိမ်းပိုက်နိုင်ခဲ့တဲ့ စပိန်လာလီဂါထိပ်သီး ဘာစီလိုနာ အသင်းဟာ အကောင်းဆုံးကလပ် အသင်းဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုနှစ်ရာသီမှာ ဒဏ်ရာတွေကြောင့် အနားယူခဲ့ရတဲ့ အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီဟာ ပြီးခဲ့တဲ့နှစ်က ၅၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဘာစီ လိုနာအသင်းအတွက် ဖလားသုံးလုံးသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ''ကျွန်တော့် အနေနဲ့ ဒီဆုဆွတ်ခူးနိုင်တဲ့အတွက် အလွန်ပျော်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့လည်း ဒီဆုကို အမှန် တကယ်ရထိုက်လို့ ရခဲ့တာပါ။ ဒီနှစ် ကတော့ ဘာစီလိုနာအသင်းဟာ အတော်ထူးခြားတဲ့နှစ်လို့ဆိုရမှာ ဖြစ် ပါတယ်''လို့ မက်ဆီက ဆိုပါတယ်။ ဘာစီလိုနာအသင်းက အကောင်း ဆုံး မီဒီယာဆွဲဆောင်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ၂ဝ၁၅ ခုနှစ်ထဲမှာ စပိန် လာလီဂါ၊ ကိုပါဒယ်ရေးဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ဆွတ်ခူးနိုင် ပြီဖြစ်တဲ့အတွက် ဖလားငါးလုံးအထိ ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

No comments:

Post a Comment