Tuesday, December 29, 2015

ထင်သာမြင်သာပြုပြင်စရာ


စွန်ရဲပင်မရေတင်စက်ရုံကို လျှပ်စစ်ဖြင့်လည်ပတ်ပေးစေလို

Myanmaalinn's photo.
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင် မြို့နယ် စွန်ရဲစိုက်ကွင်းဒေသကို အကြောင်းပြု၍ ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ စွန်ရဲပင်မ ရေတင်စက်ရုံ Gasifierရေတင် လုပ်ငန်းကို လွန်ခဲ့သော ၁၅ နှစ်ခန့် ကစ၍ နိုင်ငံတော်ဘဏ္ဍာငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့သည်။
အဆိုပါ ရေတင်စက်ရုံတွင် (၂၄ x ၁၄ x ၉)ပေ အရွယ်အစား ရေစုပ်ကြီး သုံးလုံးကို အထိုင်ချ၍ တစ်လုံးလျှင် ၇ ဒသမ ၇ ကျူးစက် နှုန်း ရေပေးဝေနိုင်သော ပေအရှည် ၂၈ဝ ရှိ ၁၂ လက်မ Ø Ms Pipe များ တပ်ဆင်ကာ မြင်းကောင်ရေ ၅ဝ အားရှိ ရေတင်စက်ကြီး နှစ်လုံး၊ မြင်းကောင်ရေ ၂၃ ကောင်အားရှိ ရေတင်စက်ကြီးတစ်လုံးတို့ဖြင့် စွန်ရဲ မြောက်ဘက်စိုက်ကွင်း ဧက ၇ဝဝ ခန့်နှင့် အရှေ့ဘက်စိုက်ကွင်းဧက ၁၂ဝဝ ကျော်တို့ကို ရေပေးဝေ ခဲ့ကြောင်း သိရသည်။
ထိုစက်ကြီးများ ရေတင်ရာတွင် စက်တစ်လုံးလျှင် ၁ နာရီ ဒီဇယ်ဆီ တစ်ဂါလန်ခွဲခန့် ကုန်ကျ၍ ရေဖြန့် ဝေခြင်းမပြုသည်မှာ ကြာပြီဖြစ် ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ရေတင်စက် နှင့် လေးဖာလုံ၊ ငါးဖာလုံခန့်သာ ဝေးသော ကျောက်ကုန်းကျေးရွာ မူလတန်းကျောင်းသို့ လျှပ်စစ်မီး ရောက်ရှိနေပြီဖြစ်၍ ရေတင်စက် အရောက် လျှပ်စစ်မီးသွယ်တန်း၍ လျှပ်စစ်မော်တာများ၌ တပ်ဆင်အသုံး ပြုပါက လွယ်ကူစွာ ရေဖြန့်ဝေပေး နိုင်မည်ဖြစ်သောကြောင့် စိုက်ခင်းများ အတွက် စိုက်ပျိုးရေလုံလောက်စွာ ရရှိမည်ဖြစ်၍ လျှပ်စစ်မော်တာ အမြန်ဆုံး တပ်ဆင်ပေးနိုင်ရန် ဒေသခံတောင်သူများ မျှော်လင့်လျက် ရှိသည်။

(၁၆ဝ)

No comments:

Post a Comment