Tuesday, December 1, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
စတော့အိတ်ချိန်းနှင့်ငွေကြေးဈေးကွက်


မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်ရေးနှင့်  မြန်မာကျပ်ငွေတန်ဖိုး ခိုင်မာလာစေရေးတို့ အတွက် ငွေကြေးဈေးကွက်(Capital  Market)   တစ်ရပ် ထူထောင်ရန်ကြိုးပမ်းလျက်ရှိပါသည်။ ဤသို့ငွေကြေးဈေးကွက် ထူထောင်ရာတွင် စတော့အိတ်ချိန်းသည် အဓိကအရေးအကြီးဆုံး ဖြစ်ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် ပထမဆုံးသော စတော့အိတ်ချိန်းအဖြစ် ရန်ကုန်စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်တွင် တရားဝင်ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိပါသည်။
စတော့အိတ်ချိန်းဆိုသည်မှာ မြန်မာနိုင်ငံချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်(SECM)က လုပ်ထုံးလုပ်နည်း၊ စည်းကမ်းဥပဒေများနှင့်အညီ တရားဝင်ခွင့်ပြု ထားသည့် အများပိုင်ဘဏ်နှင့် အများပိုင်ကုမ္ပဏီကြီးများက အများပြည်သူအား     ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤသည်ကိုပင် ရှယ်ယာထုတ်ရောင်းသည်၊   ရှယ်ယာအရောင်းအဝယ်ပြုလုပ် သည်ဟု ဆိုကြခြင်းဖြစ်ပါသည်။ ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် ရန်ကုန်စတော့အိတ်ချိန်းတွင်     စည်းကမ်းသတ်မှတ်ချက်နှင့် ညီညွတ်သောအနည်းဆုံးကုမ္ပဏီငါးခုအား  စတင်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် တရားဝင်ဖွင့်လှစ်ခွင့်ရရှိထားသော ပြည်တွင်းပုဂ္ဂလိကဘဏ်များ နှင့် အများပိုင်ကုမ္ပဏီကြီးများက ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် တာစူနေကြပြီဖြစ်ပါသည်။
စတော့အိတ်ချိန်းသည် ကုမ္ပဏီကြီးများအနေဖြင့်  ငွေလို သည့်အခါ ရှယ်ယာများကို ထုတ်ရောင်းနိုင်မည်ဖြစ်၍ ဘဏ် များမှ အတိုးကြီးပေးနေရမှုကို   ကာကွယ်နိုင်မည်ဖြစ်ပါသည်။အခြားတစ်ဖက်တွင်လည်း ငွေပိုငွေလျှံရှိပြီး လုပ်ငန်းထူထောင်၍ မလုပ်ကိုင်တတ်သူများအတွက် ရှယ်ယာကို ဝယ်ယူထားခြင်းဖြင့် ထိုက်သင့်သော  အတိုးအပွားများရရှိနိုင်မည့်   အခွင့်အလမ်း ကောင်းတစ်ရပ် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်   ငွေကြေး အရင်းအနှီးအနည်းငယ်  ထည့်ဝင်လုပ်ကိုင်ခြင်းဖြင့်   အကျိုး အမြတ်များရရှိနိုင်သည့်  ငွေကြေးဈေးကွက်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။
သို့ရာတွင်  မြန်မာနိုင်ငံချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က တရားဝင်ခွင့်ပြုထားသော ကုမ္ပဏီများ၌သာ ရှယ်ယာရောင်းခြင်း၊ ဝယ်ခြင်းများလုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ တရားဝင်မဟုတ်သော အများပိုင်ကုမ္ပဏီ များမှ ထုတ်ရောင်းသည့်ရှယ်ယာများကိုဝယ်ယူမိပါက ငွေကြေး အရှုပ်အရှင်းပြဿနာများစွာပေါ်ပေါက်နိုင်ပါသည်။   စတော့ အိတ်ချိန်းလုပ်ငန်းသည်  ငွေကြေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် အတွက် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၏ ရိုးသားဖြောင့်မတ် မှုသည် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။    ရိုးသား ဖြောင့်မတ်မှန်ကန်မှုရှိသော အများပိုင်ကုမ္ပဏီများသည် စတော့ အိတ်ချိန်းသို့ ဝင်ရောက်ခွင့်ရှိမည်ဖြစ်ပါသည်။ ရိုးသားဖြောင့်မတ် စွာလုပ်ကိုင်ရေးသည် ပဓာနအကျဆုံးဖြစ်သောလုပ်ငန်းစဉ် ဖြစ်ပါ သည်။ သို့ဖြစ်၍  အများပြည်သူများအနေဖြင့် စတော့ရှယ်ယာ များ ဝယ်ယူရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်မည်ဆိုပါက  ရိုးသား ဖြောင့်မတ်ပြီး ပွင့်လင်းမြင်သာမှုရှိသော တရားဝင်အသိအမှတ်ပြု ကုမ္ပဏီများ၌သာ လုပ်ဆောင်ရန်သတိပြုအပ်ပေကြောင်း။    ။

No comments:

Post a Comment