Tuesday, December 1, 2015

မိတ္ထီလာတောင်ကန်အရှေ့ဘက်ကန်ပေါင်အနီး ရန်ကုန်-မန္တလေး ကားလမ်းမတိုးချဲ့ဖောက်လုပ်




မိတ္ထီလာ နိုဝင်ဘာ ၃ဝ


မိတ္ထီလာမြို့နယ် ရတနာမာရ်အောင်ရပ်ကွက် မိတ္ထီလာတောင်ကန် အရှေ့ဘက်ကန်ပေါင် အနီး ရန်ကုန်-မန္တလေးကားလမ်းမကို ယုဇနကုမ္ပဏီမှတာဝန်ယူ တိုးချဲ့ဖောက်လုပ်လျက်ရှိပြီး ပြီးစီးပါက ယာဉ်ကြီး၊ ယာဉ်ငယ်များကို လွတ်လပ်စွာရှောင်ကွင်းမောင်းနှင်နိုင်ကာ ယခင်ကထက် ခရီးလမ်း ပိုမိုချောမွေ့အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်-မန္တလေးလမ်းပိုင်းနေရာသည် အာရှအဝေးပြေးလမ်းမကြီးအမှတ် (၁)တွင် ပါဝင်ပြီး ယခင်က ပေ ၆ဝ ကျော်မြင့်သည့် ကုန်းပေါ်တွင်တည်ရှိကာ ကျဉ်းမြောင်းပြီး မော်တော်ယာဉ်ကြီး နှစ်စီးအသွားအပြန်ယှဉ်၍ ကောင်းစွာမောင်းနှင်နိုင်ခြင်း မရှိသောကြောင့် ဖြတ်သန်းသွားလာ ရာတွင် အဆင်မပြေဖြစ်ခဲ့သည်။ အာရှအဝေးပြေးလမ်းမကြီးအမှတ်(၁)ပေါ်တွင် ပါဝင်ခဲ့သော လမ်းဖြစ်ပြီး ခရီးဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်ကြီးငယ်များ၊ မော်တော်ဆိုင်ကယ်များ နှင့် လမ်းသွားလမ်းလာများအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ ယာဉ်သွားလမ်းတိုးချဲ့ဖောက်လုပ်နေခြင်းဖြစ်သည်။


ပေ ၆ဝ ကျော်မြင့်သည့် ကုန်း၏ဘေးတွင်ကပ်လျက် ၄င်းအမြင့်ပေအတိုင်း စက်ယန္တရား ကြီးများဖြင့် မြေဖို့ပြုပြင်ပြီး မူလလမ်းနှင့် တိုးချဲ့လမ်း စုစုပေါင်း ပေ ၁ဝဝ အကျယ်လမ်းမကြီး ဖြစ်အောင် တိုးချဲ့ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။


(၅၇၉)

No comments:

Post a Comment