Saturday, November 28, 2015

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှာပါတဲ့ ကြွေးမြီစီမံခန့်ခွဲမှု Debt Management ကနေ ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နည်းပညာအကူအညီနဲ့ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နေပါတယ်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှု Public Debt Management Law ရေးဆွဲပြီး လွှတ်တော်ပို့ထားပြီးဖြစ်ပါတယ်။



The Mirror Daily's photo.

ဦးမောင်မောင်ဝင်း (အမြဲတမ်းအတွင်းဝန်၊ ဘဏ္ဍာရေးဝန်ကြီးဌာန)

ဘဏ္ဍာရေးဝန်ကြီးဌာနသည်နိုင်ငံ၏ ဘဏ္ဍာငွေရရှိမှုနှင့် သုံးစွဲမှုများ မည်သို့ဆောင် ရွက်သည်ကို နှစ်စဉ်ကိန်းဂဏန်း အတိအကျဖြင့် နှစ်စဉ်ဖော်ပြပေးလျက်ရှိရာ ၂ဝ၁၁ ခုနှစ် မှ ၂ဝ၁၅ ခုနှစ်အထိ (၅)နှစ်တာကာလအတွင်း နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲမှု၊ ပြည်ထောင်စု ရသုံးမှန်းခြေငွေစာရင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ ရသုံးမှန်းခြေ ငွေစာရင်းဆက်စပ်မှု၊ ပြည်သူ့ဘဏ္ဍာရေး စီမံ ခန့်ခွဲမှု၊ အခွန်ဆိုင်ရာများ ပြုပြင်ပြောင်းလဲမှု၊ ဥပဒေများ ပြင်ဆင်ဖြည့်စွက်ရေးဆွဲခဲ့မှု၊ ပြည်တွင်း/ပြည်ပ ကြွေးမြီဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဝင်းနှင့် မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

မေး။ ။ပြည်တွင်း၊ ပြည်ပ ကြွေးမြီတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိပါတယ်။ ကြွေးမြီ ကိစ္စ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာလည်း သိပါရစေ။

ဖြေ။ ။ပြည်တွင်း၊ ပြည်ပ ကြွေးမြီများနှင့်ပတ်သက်ပြီး နိုင်ငံတော်ရဲ့ကိုယ်စား ဘဏ္ဍာရေး ဝန်ကြီးဌာနက တာဝန်ယူပြီးတော့မှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်မှာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့အတွက်ကြောင့် ပြည်တွင်းကြွေးမြီလည်း ရှိပါတယ်။ ပြည်ပကြွေးမြီတွေလည်း ရှိပါတယ်။ ပြည်တွင်း ကြွေးမြီက အဓိကက နိုင်ငံတော်ရဲ့ သုံးငွေ နဲ့ရငွေပါပဲ။ သုံးငွေပိုများရင် လိုငွေဖြစ်တယ်။ ဒီလိုငွေက နှစ်စဉ်ပေါ်ပေါက်နိုင်တယ်။ ဒီနှစ် လိုငွေကို ရှေးနှစ်ပိုငွေပြန်ပေါ်လို့ ပြန်ချေနိုင် တယ်ဆိုရင် ကျေသွားမှာပါ။ ကြွေးမြီမရှိ နိုင်ဘူး။ သို့သော် နိုင်ငံတော်အစိုးရ အဆက်ဆက်က ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ အခြေအနေ၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ ရရှိမှုအနေအထား၊ သုံးစွဲမှုအနေ အထား၊ အဲဒီအနေအထားတွေအရ နှစ်စဉ်လိုလိုပဲ လိုငွေတွေ ပေါ်ပေါက်ပါတယ်။ ဒီလို ငွေကို ပြည်တွင်းကနေ ချေးငွေရယူဖြည့်ဆည်း ပြီး စာရင်းကိုပိတ်ရပါတယ်။ အဲဒီတော့ ပြည်တွင်းကြွေးမြီတွေက အတိုင်းအတာတစ်ခု အထိ ရှိနေပါတယ်။

ပြည်တွင်းကြွေးမြီတွေကို နိုင်ငံတော်အစိုးရက ဘယ်လိုပုံစံနဲ့ယူလဲဆိုတော့ အဓိက နည်းလမ်း နှစ်သွယ်နဲ့ ချေးယူရပါတယ်။ ပထမနည်းလမ်းကတော့ အစိုးရငွေချေးစာချုပ်၊ ငွေတိုက်စာချုပ် Government Treasury Bond လို့ခေါ်တယ်။ ဒီစာချုပ်တွေက နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်သက်တမ်းတွေ ရှိပါတယ်။သက်တမ်းအလိုက် မတူညီတဲ့ အတိုးနှုန်းတွေ ပေးပြီးတော့ ရယူတာဖြစ်ပါတယ်။ ဒီအစိုးရရဲ့ ငွေတိုက်စာချုပ်တွေကို အဓိကအားဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းတွေရော အခြားသော ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေကိုရော၊ တစ်ဦးချင်းစီကိုရော အားလုံးကို ရောင်းချပေးပါတယ်။ကျသင့်တဲ့ အတိုးကို ခြောက်လတစ်ကြိမ်ပေးပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အတိုးပေးပြီး ချေးငွေရယူခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက (Treasure Bill) အစိုးရရဲ့ ငွေတိုက်လက်မှတ်က ကာလတို လောလောဆယ် သက်တမ်းသုံးလ ဖြစ်ပါ တယ်။ ကာလတိုတွင်းမှာ ငွေပြန်ဖော်နိုင် တဲ့အတွက်ကြောင့် အတိုးနှုန်းကို Treasure bond လောက် မပေးရပါဘူး။ လေးရာခိုင်နှုန်း နဲ့ပေးပါတယ်။ အဓိကအားဖြင့် အတိုးနှုန်းနည်း တဲ့အတွက်ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့၊ ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံတာမရှိပါဘူး။အဓိက ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ဘဏ်တွေနဲ့ ဗဟိုဘဏ်က ဖြည့်ဆည်းပေးခြင်း ဖြစ်ပါတယ်။ ဒီလိုနည်းက သက်သာတယ်။ တစ်နှစ်ကို လေးရာခိုင်နှုန်းပဲပေးရတယ်။ တစ်ဖက်က ဘာရှိလဲဆိုတော့ နိုင်ငံတော် ဗဟိုဘဏ်က ခပ်များများယူလိုက်ရင်တော့ ဗဟိုဘဏ်ဟာ နိုင်ငံတော်ရဲ့ တစ်ခုတည်း သော ငွေစက္ကူရိုက်နှိပ်ခွင့်ရှိတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ ဗဟိုဘဏ်က ယူတာများရင်၊ ငွေစက္ကူတွေ များများရိုက်နှိပ်ရရင် ငွေကြေးသီအိုရီအရ ငွေတွေဈေးကွက်ထဲ ဖောင်းပွလာမယ်ဆိုတဲ့ ယူဆချက်တွေ ရှိပါ တယ်။ အတိအကျကြီး မဟုတ်ပေမယ့် မှန်သင့်သလောက်မှန်ပါတယ်။ ဒါကို လျှော့ချဖို့ ကြိုးပမ်းတဲ့အတွက်ကြောင့် ဗဟိုဘဏ်က ငွေတိုက်လက်မှတ်နဲ့ ချေးယူဖြည့်ဆည်းတဲ့ နည်းလမ်းယူတဲ့ အတိုင်းအတာကို လျှော့ချပြီးတော့မှ သူလည်းပဲ ပြည်သူလူထုတွေအားလုံး ရင်းနှီးမြှုပ်နှံနိုင်အောင် စတင်ပြီးတော့ ကြိုး ပမ်းနေပြီဖြစ်ပါတယ်။

Treasury Bill Auction ငွေတိုက် လက်မှတ် လေလံနဲ့ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ကစပြီး နှစ်ပတ်ကို တစ်ခါလုပ်နေပါတယ်။ဆက်ပြီး လုပ်နေဦးမှာပါ၊ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ လုပ်နေပါ တယ်။ ပထမဦးဆုံးအနေနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေကိုပဲ လေလံကို ဝင်ခွင့်ပြု ထားပါသေးတယ်။ ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ဘဏ်တွေက ကမ်းလှမ်း တဲ့ဈေးနဲ့ ကျွန်တော်တို့က ရောင်းရမယ့်ဈေးနဲ့၊ အရင်တုန်းက အတိုးနှုန်းက လေးရာခိုင်နှုန်း နဲ့ရပေမယ့် ပထမဦးဆုံးခုနစ်လောက် စပေးရတယ်။ အခု ခုနစ်ကနေ (၈ ဒသမ ၁)၊ (၈ ဒသမ ၁၅) အထိ တက်လာပါတယ်။ ပြည်သူ လူထုဆီကယူရတဲ့ အတိုးဝန်ထုပ်ဝန်ပိုးမြင့် တက်လာပါတယ်။ ဆိုလိုတာကတော့ ဗဟိုဘဏ်ကလျှော့ချပြီးတော့ တစ်ဖက်က ပြည်သူ လူထုဆီက ချေးယူဖို့ကြိုးစားတဲ့အချိန်မှာ အစိုးရအတွက် ပေးရတဲ့အတိုး၊ ငွေတိုက် စာချုပ်တို့ ငွေတိုက်လက်မှတ်တို့ပေါ်မှာ ပေးရတဲ့အတိုး ဝန်ထုပ်ဝန်ပိုးမြင့်တက်လာတယ်။ ဒါကိုလည်းအစိုးရအနေနဲ့ အမြဲတမ်းမျက်ခြည် မပြတ်စောင့်ကြည့်ပြီး စီမံခန့်ခွဲရတဲ့အနေအထား ဖြစ်ပါတယ်။

နောက်တစ်ခုက ပြည်ပကြွေးမြီ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေး ကြတာ၊ ဂျာနယ်တွေမှာရေးကြတာတွေလည်း ပါပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ပြည်ပ ကြွေးမြီနဲ့ မကင်းနိုင်ပါဘူး။ ပြည်ပကြွေးမြီနဲ့ ပတ်သက်လို့ရှိရင် ၁၉၈၈ ခုနှစ် မတိုင်ခင်က ယူခဲ့တဲ့ အကြွေးနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ယူခဲ့တဲ့အကြွေးတွေရှိပါတယ်။ နောက် ၂ဝ၁၁ ခုနှစ် အခုကျွန်တော်တို့ အစိုးရလက်ထက်က ယူခဲ့တဲ့ကြွေးတွေလည်း ရှိပါတယ်။ ပြည်ပ ကြွေးမြီနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းများ အနေအထားဟာ အချိန်နဲ့အမျှ ပြောင်းလဲမှု ရှိပါတယ်။ ဒီနေ့ လွှတ်တော်ကအတည်ပြုတဲ့ ကြွေးမြီကိန်းဂဏန်း၊ တကယ်ထုတ်ယူရရှိတဲ့ ကြွေးမြီကိန်းဂဏန်း၊ တကယ်ပြန်လည်ပေး ဆပ်ဖို့ကျန်တဲ့ ကြွေးမြီကိန်းဂဏန်းတွေဟာ တစ်ခုနဲ့တစ်ခုမတူကြပါဘူး။ ကြွေးမြီအဟောင်း တွေလည်း ရှိပါတယ်။ ကြွေးမြီအသစ်တွေ လည်း ရှိပါတယ်။ ပြည်ပကြွေးမြီကို ယူပြီဆို ကတည်းက သူ့သက်တမ်းနဲ့သူ၊ သူ့အတိုး နှုန်းနဲ့သူ ခွဲခြားပြီးယူရတာဖြစ်ပါတယ်။ စနစ် တကျနဲ့ စာချုပ်ချုပ်ဆိုပြီးတော့မှ နှစ်နိုင်ငံအကြား၊ နှစ်ဖက်အဖွဲ့အစည်းကြား စာချုပ်ချုပ် ဆိုပြီးတော့မှ ယူရတာဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှာ ယူခဲ့တဲ့ ကြွေးမြီတွေဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆက်စပ်တဲ့ဥပဒေတွေအရ ပြည်ထောင်စု လွှတ်တော် အတည်ပြုချက်ယူနိုင်မှ ဖြစ်ပါတယ်။ ပြည်ပကြွေးမြီတစ်ခု ယူတော့မယ်ဆိုရင် ပထမဦးဆုံး ကြွေးမြီယူမယ့် အဖွဲ့အစည်း တွေကနေပြီး ပထမဦးဆုံးယူချင်တဲ့လုပ်ငန်း၊ ယူချင်တဲ့ပမာဏတွေကို စဉ်းစားရမယ်။ စဉ်းစား ပြီးရင်ပေးမယ့်သူနဲ့ ယူမယ့်သူ ဆွေးနွေး ဖို့လိုပါတယ်။ ဆွေးနွေးပြီးမှ ကြွေးမြီရယူ လိုပါတယ်ဆိုရင် ပြည်တွင်းလုပ်ငန်းစဉ်တွေအရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာနကို ကြွေးမြီရယူမယ့် ဝန်ကြီးဌာနက ပထမဦးဆုံးတင်ပြရတာ ဖြစ်ပါတယ်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက စိစစ်ပြီးရင် သမ္မတ ရုံးဝန်ကြီးဦးစီးတဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ ကို တင်ပြပါတယ်။ ဒီကော်မတီကစိစစ်ပြီး အတည်ပြုတယ်ဆိုရင် သမ္မတဦးဆောင်တဲ့ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို တင်ပြပါတယ်။ ဒီလို ကော်မတီနှစ်ရပ်လုံးက အတည်ပြုတဲ့အခါမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနက ဘဏ္ဍာရေးဝန်ကြီး ဌာနဆီကို ချေးငွေယူဖို့ကိစ္စအတွက်ကို ပြည်ထောင်စုလွှတ်တော်နဲ့ ဆက်လက်ပြီး ဆောင်ရွက်ပေးဖို့ အကြောင်းကြားပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရုံးတွေမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်ကို နိုင်ငံတော်သမ္မတထံက သဝဏ် လွှာပေးပို့ဖို့ လုပ်ရပါတယ်။

ဒီသဝဏ်လွှာ လွှတ်တော်သို့ရောက်ရှိတဲ့ အချိန်မှာ လွှတ်တော်အနေနဲ့လည်း ချေးငွေ တစ်ခုကိုရယူဖို့အတွက် ချေးငွေရယူမယ့် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန တွေက လွှတ်တော်မှာ ရှင်းလင်းတင်ပြရပါတယ်။ ဒီရှင်းလင်းတင်ပြချက်တွေအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် အသီးသီးက ပြန်လည်မေးမြန်းတာ၊ ဆွေးနွေးတာ၊ ဝေဖန်တာတွေလုပ်ပါတယ်။ အဲ့ဒါတွေလုပ်ပြီး နောက်ဆုံးမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်တဲ့ အတည်ပြုချက် ရရှိပြီ ဆိုရင် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ယူမယ့် သူနဲ့ ဒီဘက်က လက်ခံမယ့်သူကြားထဲက ချေး ငွေညှိနှိုင်းရေးလုပ်ငန်းတွေ ဆက်လုပ်ရပါတယ်။ ဒီအဆင့်က စာချုပ်အဆင့်ရောက်ပြီ၊ ဘယ်လိုစာချုပ်ချုပ်မယ်။ စာချုပ်မူကြမ်းကို သက်ဆိုင်ရာဌာနတွေနဲ့ ဝိုင်းပြီးတော့ ဆွေးနွေး ရမယ်။ နစ်နာမယ့်အချက်တွေဆိုရင် တစ်ဖက် နိုင်ငံနဲ့ တစ်ဖက်အဖွဲ့အစည်းတွေကို ပြန်ပြီး ပြောရပါတယ်။ သူ့ဘက်ကလည်း ပြန်လျှော့ပေးတာ၊ တောင်းဆိုတာတွေရှိပါတယ်။ ကိုယ့်ဘက်က လိုက်လျောနိုင်တဲ့ achance ရှိရင် လိုက်လျောပေးတာရှိပါတယ်။ အထူး သဖြင့် မိမိနိုင်ငံ နစ်နာမှုမရှိရလေအောင် ပြည့်စုံအောင်စဉ်းစားပြီးတော့မှ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်ညှိနှိုင်းဖို့ အချိန်အတိုင်းအတာတစ်ခု ယူရပါတယ်။ နောက်ဆုံးမှာ နှစ်ဖက်စလုံး သဘောတူညီပြီ ဆိုရင် စာချုပ်ချုပ်ဆို လက်မှတ်ထိုးပြီး ချေးရ မယ်။ ဒီလိုချေးတဲ့အခါမှာ အတိုးနှုန်းဘယ် လောက်နဲ့ ချေးမလဲ။ ချေးငွေရဲ့ သက်တမ်း ကာလ ဘယ်လောက်ရှိလဲ။ ဒီသက်တမ်းကာလ အတွင်းမှာ အရင်းပြန်မဆပ်ရသေးတဲ့ ဆိုင်းငံ့ကာလလို့ခေါ်တဲ့ base period ဘယ်လောက်ရှိမလဲ။ ချေးငွေတစ်ခုလုံးကို အတိုးရောအရင်းရော ပြန်ဆပ်ဖို့ကာလ ဘယ်လောက်ရှိမလဲ။ တချို့ချေးငွေတွေက အနှစ်(၂ဝ)၊ (၃ဝ)၊ (၄ဝ) စသဖြင့်ရှိတယ်။အတိုးနှုန်းသက်သက်သာသာနဲ့ ကာလရှည်ရရှိ နိုင်တဲ့ချေးငွေကို ရွေးချယ်ပြီးတော့ ယူရတာ ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတော်ဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်တဲ့ချေးငွေဖြစ်ပါတယ်။

အကယ်၍ နိုင်ငံတော်က လိုအပ်ချက် အရ Commerical loan ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမဟုတ်တဲ့ ချေးငွေမျိုးဆိုရင် လည်းပဲ ပြန်ရရှိတဲ့အနေအထား၊ ပြန်ဆပ်နိုင် တဲ့အနေအထားရှိရင် အကောင်အထည် ဖော်ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုအတွက် ရရှိမှုအကျိုးကျေးဇူး စသဖြင့် ကြည့်ပြီးတော့မှ ချင့်ချိန်ပြီး လုပ်ငန်းစဉ်အဆင့် ဆင့်ကို ဖြတ်သန်းပြီးတော့မှ ရယူတာမျိုးလည်း ရှိပါတယ်။ ဒီလိုအခါမျိုးကျတော့ ဖွံ့ဖြိုးရေး ချေးငွေတွေမှာ အတိုးနှုန်းသက်သာချင်မှ သက်သာမယ်။ သို့ရာတွင် ပြည်သူလူထုအတွက် အကျိုးရှိမယ်။ ပြည်တွင်းနဲ့ အခြားသောဇာစ် မြစ်တွေ၊ နေရာဒေသတွေက ယူမယ်ဆိုရင်တော့ အတိုးနှုန်းတွေ ကြီးနိုင်မယ်။ ပြီးတော့ ဒီလိုချေးငွေမျိုးကလည်း ကျန်တဲ့အချိန်တွေဆို မရနိုင်ဘူး စသဖြင့် ဒီလိုအခြေအနေမျိုးတွေ ရှိတယ်ဆိုရင် ဒါကိုယူသင့်တယ်ဆိုရင် လွှတ်တော်အထိတင်ပြပြီး အတည်ပြုဆွေးနွေးဖို့ ရှိပါတယ်။

ကြွေးမြီချေးယူမှုခံနိုင်ရည် ဆန်းစစ်ရရင် ဒီနိုင်ငံရဲ့အနေအထားနဲ့ မိမိနိုင်ငံရဲ့ GDP ရရှိမှု အနေအထား၊ နှစ်အလိုက်ပြန်ဆပ်ရမယ့် အနေအထား၊ ဒီအပေါ်မှာ အန္တရာယ်ရှိနေပြီ လား၊ သိပ်များလည်းပဲ ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာထက် နည်းလည်းနည်းနေလား ဆိုတာ technically တွက်ချက်ပြီး မိမိနိုင်ငံက ဝင်ငွေနည်းတဲ့ နိုင်ငံလား၊ ဝင်ငွေများတဲ့ နိုင်ငံလား Debt to GDP ratio ဝင်ငွေနည်း တဲ့နိုင်ငံဆိုရင် ကြွေးမြီတွေကို GDP နဲ့ နှိုင်းစာ လျှင် ဘယ်လောက်ပဲ ယူသင့်တယ်ဆိုတာ ရာခိုင်နှုန်းအားဖြင့်ရှိပြီးသားပါ။ DAG မှာ လည်း ကြွေးမြီနဲ့ GDP အချိုးအစား၊ ကျွန်တော်တို့ နိုင်ငံကဘယ်လောက်အထိ ယူသင့်တယ်ဆိုတာ ရှိပါတယ်။

လက်ရှိကြွေးမြီ အခြေအနေသည် ခံနိုင်ရည်ရှိနေသေးတာ တွေ့ရှိရပါတယ်။ ဘယ်အချိန်ကျရင် ကြွေးမြီခံနိုင်ရည်ရှိမှုကို ထိခိုက်လာပြီ ခံနိုင်ရည်မရှိတော့ပါဘူးဆိုတာ သတိပေးရတာတွေလုပ်ရမှာပါ။ ဥပမာ-ဒီနေ့ ပြည်ပကြွေးမြီသည် မြန်မာငွေနဲ့ ၁ဝ ဒသမ ၂ ထရီလီယံရှိတယ်ဆိုပေမယ့် နောက်တစ်လ နှစ်လအတွင်းမှာ ကိုးထရီလီယံ လည်းဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ဒီကနေ့ လွှတ်တော်က အတည်ပြုတဲ့ဂဏန်း၊ တကယ်ထုတ်တဲ့ ဂဏန်း၊ အဲဒီအချိန်တွင်းမှာ တကယ်ဆပ်နေ တာတွေက ဆပ်နေပြီ အဲဒါတွေ အကုန်လုံးကို ချေလိုက်တော့မှ လက်ရှိတကယ်ရှိတဲ့ ဂဏန်းထွက်လာမှာပါ။ ဒီနေ့ဂဏန်းနဲ့ မနက်ဖြန် ဂဏန်းမတူပါဘူး။ နိုင်ငံတကာ ကြွေးမြီတွေ ကလည်း ရက်နဲ့အမျှ ပြောင်းလဲနေမှာပါ။ ဘယ်လိုပြောင်းလဲတယ်ဆိုတာ ငွေတိုက်ဦးစီး ဌာနက အသိဆုံးပါပဲ။ ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း အခါအားလျော်စွာ လွှတ်တော်မှာ ပြည်တွင်း/ပြည်ပ ကြွေးမြီအခြေအနေတွေကို ဘယ်လောက်ရှိတယ်ဆိုတာ တင်သွင်းရှင်း လင်းတာရှိပါတယ်။ အရင်တုန်းက ကြွေးမြီကို မှတ်တမ်းတင်ထားတဲ့ အဆင့်ပဲရှိပါတယ်။ ယူသင့်လား၊ မယူသင့်လား၊ ဒါတွေကို ဘယ်လို ပြန်ဆပ်မလဲဆိုတဲ့ ခန့်မှန်းတွက်ချက်တဲ့ အပိုင်းပါပါတယ်။ ရှေ့အလားအလာဘယ်လို ရှိမလဲဆိုတာ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု မှာပါတဲ့ ကြွေးမြီစီမံခန့်ခွဲမှု Debt Management ကနေ နိုင်ငံတကာအဆင့် မီဆောင်ရွက်နေပါတယ်။

ဒါကို ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ နည်းပညာအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု Public Debt Management Law အသစ်ရေးဆွဲပြီး လွှတ်တော်ပို့ထားပြီးဖြစ်ပါတယ်။ ဒီဥပဒေထွက် လာရင်နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း/ ပြည်ပ ကြွေးမြီများနဲ့ပတ်သက်ပြီး စီမံခန့်ခွဲ ရမယ့်အချက်တွေကို အတိအကျ ပြဋ္ဌာန်းပြီး လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဌာန Debt Mana-gement နဲ့ Cash Management ဌာန ကြွေးမြီ မှတ်တမ်းတင်တာ၊ ကြွေးမြီ အစီရင်ခံတာ၊ ဆန်းစစ်တာ၊ ကြွေးမြီကို ခံနိုင်ရည်ရှိ/မရှိ ဆန်းစစ်ပြီး စီမံဆောင်ရွက်သွားမှာပါ။
ဒါနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ကြွေးမြီနဲ့ပတ်သက်ပြီး သိလိုတာရှိရင် ဘဏ္ဍာရေး ဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာနကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။

မေး။ ။နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ဘယ်လိုရှိတယ်။ ဘယ်လို ကိုင်တွယ်နေတယ်ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ငွေကြေးဖောင်းပွမှုနှုန်းကို အမျိုးသားစီမံကိန်း ဖွံ့ဖြိုးမှုတိုးတက်ရေးဝန်ကြီးဌာနက တွက်ချက်ပါတယ်။ တွက်ချက်ပြီးတော့ ခြောက်လပတ်အစီရင်ခံစာတို့၊ နှစ်ပတ်လည် အစီရင်ခံစာတို့ ထုတ်ပြန်ပါတယ်။ ငွေကြေးဖောင်းပွမှု နှုန်းကအရင်နှစ်ထက်စာရင် မြင့်တက်လာတယ်ဆိုပေမယ့် နိုင်ငံတကာငွေရေးကြေးရေး အဖွဲ့အစည်းတွေက ခန့်မှန်းတာကတော့ အရင်က Single Digit တွေပဲရှိပါတယ်။ အခု Double digit ရှိနေပါပြီ။ တိတိကျကျတော့ ပြောလို့မရဘူး။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငွေကြေးဖောင်းပွမှု အထိုက်အလျောက်တက်နေပြီလို့ လက်ခံရပါမယ်။ အခြေခံစားကုန်၊ အခြားသော အခြေခံစားကုန်မဟုတ်တဲ့ အိမ်ခြံမြေတွေကို အခြေခံပြီးတွက်တာလည်း ရှိပါတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ ငွေကြေးဖောင်းပွ နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါတွေကို ဘယ်လိုကာကွယ်မလဲဆိုတော့ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနဲ့ အခြား စပ်ဆက်မူဝါဒတွေ စသဖြင့် အဓိက မူဝါဒတွေ ပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရကနေ ငွေကြေးဖောင်းပွမှုကို တည်ငြိမ် သွားအောင်၊ ပြန်လည်ကျဆင်းသွားအောင် ဆောင်ရွက် ရမှာပါ။ ပြည်တွင်းငွေကြေးဖောင်းပွမှုရှိနေပြီဆိုရင် ပြည်တွင်းမှာ လှည့်လည်သုံးစွဲနေတဲ့ငွေတွေ များနေပြီဆို တာပြနေတာပါ။

ဒီပြည်တွင်းမှာ လှည့်လည်သုံးစွဲငွေတွေကို လျော့ကျသွားအောင် ဗဟိုဘဏ်ကနေ အတိုးနှုန်းမြှင့်ပြီးတော့မှ ဘဏ်တွေကို ငွေတွေပြန်ဝင်လာအောင် ဆောင်ရွက်တဲ့နည်း၊ ဒါက ငွေကြေးမူဝါဒနဲ့လုပ်တဲ့နည်း၊ ခုနပြောတဲ့ loan တွေ၊ bill တွေ ရောင်းချပြီး ငွေတွေအစိုးရဆီ ရောက်အောင်လုပ်တဲ့နည်း၊ loan အတိုးနှုန်းတွေ ယခင်နဲ့ စာရင် တိုးမြှင့်ပေးတယ်။ bill အတိုးနှုန်းတွေ တိုးမြှင့်ပေး မယ်။ အပြင်မှာ ပွနေတဲ့ငွေတွေ ဘဏ်တွေထဲကို ပြန် ရောက်သွားမယ်။ အစိုးရလက်ထဲကို ပြန်ရောက်သွားမယ်ဆိုရင် ငွေကြေးမူဝါဒနဲ့ ပြန်ကုစားပေးတဲ့နည်း၊ တခြားသော ဘဏ်တွေရဲ့ ငွေကြေးမူဝါဒအရ သီးသန့်ငွေ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးတာက တစ်နည်း၊ တစ်ဖက်ကလည်း fiscal policy အနေနဲ့၊ နိုင်ငံရေးမူဝါဒအနေနဲ့ အစိုးရက သုံးငွေတွေ ဘယ်လို လျှော့သုံးမလဲ၊ လိုချင်တဲ့စီမံကိန်းတွေကို ကျစ်ကျစ်လျစ်လျစ်နဲ့ ပြီးမြောက်အောင်မြင်အောင် ဘယ်လိုသုံးမလဲ၊ ရငွေတွေကို ဘယ်လို တိုးရှာမလဲ (Tax Policy)၊ တစ်ဖက်က Expenditure Policy၊ ကုန်သွယ်ရေးမူဝါဒမှာ Export တွေ ဘယ်လို တိုးမြှင့်မလဲ၊ သွင်းကုန်တွေ တတ်နိုင်သမျှနည်းအောင် ဘယ်လိုအစားထိုးလုပ်ဆောင်မလဲဆိုတာ ကုန်သွယ်ရေးမူဝါဒဘက်က စဉ်းစားရမှာဖြစ်ပါတယ်။ တခြားသော မေခရိုစီးပွားရေး နယ်ပယ်တစ်ခုလုံး ဆက်စပ်မူဝါဒတွေအားလုံးဝိုင်းပြီး ဆောင်ရွက်ပါမှ ငွေကြေးဖောင်းပွမှုနှုန်းတွေ တတ်နိုင်သမျှ တည်ငြိမ်မယ်။ တည်ငြိမ်နေရင် ကောင်းပါတယ်။

ဒါပေမယ့် သီအိုရီတွေအရ ဖွံ့ဖြိုးတိုးတက်မှုလိုချင်ရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း အထိုက်အလျောက် မြင့်တက်လာမှာပဲဆိုတဲ့ သီအိုရီလည်းရှိတယ်။ တစ်ဖက်က စီးပွားရေးဖွံ့ဖြိုးမှုတက်လာရင် GDP တက်လာရင် ငွေကြေး ဖောင်းပွမှုက မနှစ်ကထက်စာရင် ဒီနှစ် တစ်ရာခိုင်နှုန်းတက်တယ်။ ၁ ဒသမ ၅ ရာခိုင်နှုန်း လောက်တက်လာတဲ့ အနေအထားမျိုးကို ငွေကြေးဖောင်းပွမှု မြင့်တက်လာပြီဆိုပြီး လည်း ကြောက်စရာမလိုပါဘူး။ ဒါပေမယ့် ရုတ်တရက် အများကြီးကွာခြားသွားရင်တော့ တက်လိုက်ကျလိုက် မတည်မငြိမ် ဖြစ်နေပြီဆိုရင်တော့ မဖြစ်တော့ဘူးပေါ့။

မေး။ ။နိုင်ငံတော်ရဲ့ဘတ်ဂျက်ပုံစံ ယခင်နှင့်ယခု ပြောင်းလဲဆောင်ရွက်မှုကိုလည်း သိပါရစေ။

ဖြေ။ ။၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့ နိုင်ငံတော်ပုံစံက ပြောင်းသွားတော့ ဘတ်ဂျက်ရေးဆွဲရေး စနစ်ကိုလည်း ပြောင်းလဲဆောင်ရွက်ရပါတယ်။ ပြည်ထောင်စု ဘတ်ဂျက်လို့ခေါ်တဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကို ပြည်ထောင်စုမှာလုပ်ပါတယ်။နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၄)ခုကို တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဘတ်ဂျက်တစ်ခုစီ လုပ်ပါတယ်။

ပြည်ထောင်စုရသုံးခန့်မှန်းခြေငွေစာရင်းနဲ့ တိုင်းဒေသကြီး/ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်း ဆက်စပ်မှု အဓိကအချက်သုံးချက်ရှိပါတယ်။ ပြည်ထောင်စုမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီမှာ အထိ ဘတ်ဂျက်တွေမှာ လိုငွေပြနေရင်၊ သုံးငွေက ဝင်ငွေ ထက်များနေရင်၊ လိုငွေပြနေရင် ပြည်ထောင်စုဘဏ္ဍာ ကနေ ဖြည့်ဆည်းပေးပါတယ်။ နောက်နည်းလမ်းတစ်ခုက ဖွဲ့စည်းပုံပါ အခြေခံဥပဒေအရပဲ အထူးကိစ္စရပ်များ (ဥပမာ-ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ပြည်ထောင်စုဘဏ္ဍာငွေမှ ပြည်ထောင်စု အစိုးရ အစီအစဉ်နဲ့ သုံးစွဲပါတယ်။ နောက်ကျေးလက် မီးလင်းရေး၊ ရေရရှိရေး၊ နောက် စုပေါင်းရုံးတွေဆောက်ဖို့၊ အိမ်မဲ့ယာမဲ့တွေအတွက် လယ်ယာမြေဖော်ထုတ်ဖို့ စသဖြင့် သက်ဆိုင်ရာအထူးကိစ္စတွေကို ဖြည့်ဆည်းပေးပါတယ်။လိုငွေတစ်ခုချင်းစီမှာ ဖြည့်ဆည်းပေးပါတယ်။)

တတိယတစ်ခုကတော့ အကယ်၍ သူတို့ရဲ့သုံးငွေက သူတို့ရဲ့ရငွေထက်ပိုနေခဲ့ရင် စည်ပင်သာယာရေးအတွက် ဖြစ်တယ်ဆိုရင်တော့ သူတို့ဟာ သင့်တော်တဲ့ အတိုးနှုန်းနဲ့ ပြည်ထောင်စုအစိုးရဆီမှ ငွေကိုချေးဖို့၊ ချေးငွေအနေနဲ့ ခွင့်ပြုပေးလို့ ရပါတယ်။ ဒီလို နည်းလမ်းသုံးမျိုးနဲ့ ချိတ်ဆက်ထားပါတယ်။

ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲရေးစနစ်ကို ၂ဝ၁၁-၂ဝ၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ၂ဝ၁၄ မှ ၂ဝ၁၉ ခုနှစ်အထိ ငါးနှစ်ကြာမြင့်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဒီလို စီမံကိန်းတစ်ခုကိုလုပ်ဖို့အတွက် ၂ဝ၁၁-၂ဝ၁၂ မှာ ဘတ်ဂျက်ရေးဆွဲတာ၊ စိစစ်တာတွေပြောင်းလဲဖို့ ကမ္ဘာ့ ဘဏ်ကို အပြည်ပြည်ဆိုင်ရာ ရန်ပုံငွေအဖွဲ့တွေထံက နည်းပညာအကူအညီရယူပြီး လက်ရှိအနေအထားတွေကို လေ့လာတယ်။ အားနည်းချက်၊ အားသာချက်တွေကို လေ့လာတယ်၊ သုံးသပ်တယ်။ ၂ဝ၁၁ ခုနှစ်ကစပြီး တစ်နှစ် ကျော်လောက်မှ Public Financial Report အင်္ဂလိပ်လို၊ မြန်မာလိုထုတ်ပါတယ်။ IMF ကလည်း Public Financial Management နဲ့ပတ်သက်တဲ့ Mission တွေ လွှတ်ပြီးတော့ အစီရင်ခံစာတစ်စောင် ထွက်ပါတယ်။ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ Strategy ချတယ်။ အဲဒီကနေအခြေခံပြီးတော့မှ Action Plan တွေချကာ စနစ်တကျလေ့လာပြီး စီမံဆောင်ရွက်နေပါတယ်။

မေး။ ။နိုင်ငံရဲ့အခွန်စနစ်နဲ့ ပတ်သက်ပြီးတော့ အခွန်ရရှိမှု နည်းပါးတယ်ဆိုပြီး ဝေဖန်တာတွေရှိနေပါတယ်။ လက်ရှိဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ရှင်းပြပေး စေလိုပါတယ်။

ဖြေ။ ။အခွန်စနစ်၊ အခွန်အကောက်ရငွေသည် အခြားသောနိုင်ငံတွေနဲ့ (အထူးသဖြင့်) ဒေသတွင်းနိုင်ငံ တွေနဲ့ နှိုင်းယှဉ်လျှင် တစ်မျိုးသားလုံးရဲ့ အခွန်အခနဲ့ ဝင်ငွေ အချိုးချရင် ၁ဝ ရဲ့အောက်မှာရှိနေတယ်။ ၂ဝ၁၄-၂ဝ၁၅ မှာ ရှစ်ရာခိုင်နှုန်း လောက်ရှိပြီး ဒေသတွင်းနိုင်ငံ များထက်နည်းနေပါတယ်။ ကျွန်တော်တို့က ၁ဝ ရာခိုင်နှုန်း အထက်ကျော်ရပါမယ်။ အခွန်နဲ့ပတ်သက်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ကိုလုပ်ရပါမယ်။

ပြည်တွင်းအခွန်များဦးစီးဌာနက နိုင်ငံတော်ရဲ့ အဓိကကျတဲ့အခွန်ကြီးတွေကို ကုန်သွယ်လုပ်ငန်းခွန်တို့လို အခွန်တွေကို တာဝန်ယူပြီး ကောက်ရပါတယ်။ ဒီလို အဓိကကျတဲ့ အခွန်တွေကို ကောက်ပေးသလို အခြား ဝန်ကြီးဌာနတွေကလည်း သက်ဆိုင်ရာအခွန်ကောက် ပေးတာရှိပါတယ်။

အခွန်အကောက်ရငွေသည် GDP နဲ့နှိုင်းယှဉ်ရင် နည်းနေပါသေးတယ်။ အခွန်ကောက် အခြေခံဧရိယာကို ချဲ့ထွင်ဖို့လိုပါတယ်။ အခွန်အကောက်ရယူတဲ့ စနစ်ကိုလည်း ပြုပြင်ဖို့လိုတယ်။ ကမ္ဘာ့ဘဏ်တို့၊ IMF တို့လို အဖွဲ့အစည်းတွေက နည်းပညာ အကူအညီတွေရယူပြီးတော့ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးကို Large Tax Payer Office ကို မကြာမီက ဖွဲ့စည်းလိုက်ပါတယ်။ ဒါကနိုင်ငံ တော်မှာ အခွန်အများဆုံးထမ်းဆောင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကနေ ရသင့်ရထိုက်တဲ့ အခွန်တွေကို အပြည့်အဝရရှိဖို့ ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ MTO လို့ခေါ်တဲ့ Medium Tax Payer Office ၊ အဲဒီကနေတစ်ဆင့်တက်ပြီး Small Tax Payer Office တွေ ဖွင့်သွားဖို့ရှိပါတယ်။ အမြတ်ခွန် ဥပဒေကို ရုပ်သိမ်းခဲ့ပါတယ်။ ပြီးရင် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ရုံးခွန်၊ နောက် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်၊ ကုန်းလမ်း အကောက်အခွန်၊ ပင်လယ်ရေကြောင်း အကောက်အခွန် အက်ဥပဒေ၊ အသေး

No comments:

Post a Comment