Friday, November 27, 2015

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ



Myanmaalinn's photo.
 နေပြည်တော် နိုဝင်ဘာ ၂၆

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး 16 th ASEAN Chiefs of Army Multilateral Meeting(ACAMM-16) နှင့် (၂၅)ကြိမ်မြောက် အာဆီယံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ 25th ASEAN Armies Rifle Meet(25th AARM) ပိတ်ပွဲအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဗန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး မွန်းလွဲ ၂ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီး များ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment