Sunday, November 29, 2015

စစ်လေယာဉ်ပစ်ချခံရမှုရှင်းလင်းချက်ပေးရန် ရုရှားက တူရကီကို တောင်းဆို



The Mirror Daily's photo.


အစ္စတန်ဘူလ် နိုဝင်ဘာ ၂၈

မိမိ၏ စစ်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရခြင်းအတွက် အကျိုးအကြောင်းခိုင်လုံမှု ရှိသော ရှင်းလင်းချက်ပေးရန် ရုရှားနိုင်ငံက တူရကီနိုင်ငံကို တောင်းဆိုလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ရုရှားနိုင်ငံသည် တူရကီနိုင်ငံကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်သည့် နည်းလမ်းဖြင့်လည်း လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့ရာတွင် ရုရှားနိုင်ငံက စိတ်လိုက်မာန်ပါ ခြိမ်းခြောက်ခြင်းသာဖြစ်သည်ဟု တူရကီ နိုင်ငံက ဝေဖန်ပြောကြားသည်။
တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံရှိ အစ္စလာမ္မစ်အကြမ်းဖက်သမားများ(အိုင်အက်စ် အဖွဲ့)ထံမှ ရေနံနှင့် ဓာတ်ငွေ့ကိုဝယ်ယူခဲ့သည်ဟု ရုရှားနိုင်ငံက စွပ်စွဲခဲ့သည်။

အိုင်အက်စ်အဖွဲ့၏ ဘဏ္ဍာရေးနှင့် စစ်ရေးစွမ်းပကား အဓိကမှီတည်ရာမှာ အမှန်တကယ်အားဖြင့် ဆီးရီးယားသမ္မတ ဘရှားအယ်လ်အာဆတ်နှင့် ရုရှားနိုင်ငံတို့သာလျှင် ဖြစ်သည်ဟု တူရကီသမ္မတ တေယစ် အာဒိုဂန် က ဝေဖန်ပြောကြားခဲ့သည်။
ရုရှား ဂျက်တိုက်လေယာဉ်တစ်စင်းကို တူရကီလေတပ်က နိုဝင်ဘာ ၂၄ ရက်တွင် ပစ်ချခဲ့ခြင်းကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား အပြင်းထန်ဆုံး တင်းမာမှုဖြစ်ပေါ်ခဲ့ရသည်။ ၎င်းအပြင် အိုက်အက်စ်အဖွဲ့ကို ချေမှုန်းနေသော နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများတွင် အရှုပ်အထွေးများ ဖြစ်ပေါ်စေခဲ့သည်။

တူရကီနှင့် ရုရှားအကြား လေကြောင်း ခရီးစဉ်များပျံသန်းခြင်းကို ကန့်သတ်ခြင်း၊ ပူးတွဲကုန်သွယ်ရေးဇုန် ထူထောင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးနှင့် အဏုမြူဓာတ်အားပေးစက်ရုံ ထူထောင်ရေးတို့ ကဲ့သို့သော စီမံကိန်းကြီးများကို ရပ်ဆိုင်းလိုက်ခြင်း စသည်ဖြင့် ရုရှားနိုင်ငံက စီးပွားရေး ပြစ်ဒဏ်ခတ်မှု ပြုလုပ်လာနိုင်ကြောင်း တူရကီစီးပွားရေးဝန်ကြီး အလက်ဇီယူလူကာယေ့ က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment