Tuesday, November 3, 2015

လိုင်ယွန်နည်းပြဟောင်း ရီမီဂါဒီအား အက်စတွန်ဗီလာနည်းပြသစ်အဖြစ် ခန့်အပ်မည်



ပရီမီယာလိဂ်ကလပ် အက်စတွန်ဗီလာ အသင်းသည် နည်းပြတင်ရှားဝုဒ်နေရာတွင် အစားထိုးရန် လိုင်ယွန်နည်းပြဟောင်း ရီမီ ဂါဒီအား နည်းပြသစ်အဖြစ် ခန့်အပ်သွား မည်ဖြစ်ကြောင်း သိရသည်။ နည်းပြတင်ရှား ဝုဒ်ကိုလည်း အက်စတွန်ဗီလာအသင်းက ပြီးခဲ့သည့်သတင်းပတ်အတွင်းက ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံသား နည်းပြ ရီမီဂါဒီသည် အက်စတွန်ဗီလာအသင်းနှင့် သုံးနှစ်ခွဲ သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုလိမ့်မည် ဖြစ်ပြီး အက်စတွန်ဗီလာအသင်းမှာ ပရီ မီယာလိဂ် ၁ဝ ပွဲကစားပြီးချိန်တွင် ရမှတ် လေးမှတ်သာ ရရှိထားခြင်းကြောင့် အမှတ် ပေးဇယားအောက်ခြေတွင် ရပ်တည်လျက် ရှိသည့်အသင်းဖြစ်သည်။
ဘတ်စတီယာနည်းပြ ရီဂီနယ်ရေးသည် လည်း ရီမီဂါဒီ၏ လက်ထောက်နည်းပြဖြစ် လာလိမ့်မည်ဖြစ်ပြီး လာမည့် တစ်ပတ်တွင် မန်စီးတီးအသင်းအား အိမ်ကွင်း၌ ယှဉ်ပြိုင် ကစားရမည့် ပရီမီယာလိဂ် ပွဲစဉ်(၁၂)တွင် အက်စတွန် ဗီလာအသင်းကို စတင်ကိုင် တွယ်မည်ဖြစ်ကြောင်း သိရသည်။

နည်းပြရီမီဂါဒီသည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ လိုင်ယွန်အသင်းကို ကိုင်တွယ် ခဲ့စဉ် သုံးရာသီကာလအတွင်း ပြင်သစ်ပထမ တန်း အမှတ်ပေးဇယားတွင် အဆင့်(၄)၊ အဆင့်(၃)နှင့် အဆင့်(၅)အသီးသီးရပ်တည် နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ တစ်ဦးဖြစ်ပြီး ၄င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် မိသားစုအရေးအတွက် လိုင်ယွန်အသင်းနှင့် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။
ရီမီဂါဒီသည် အာဆင်နယ်အသင်းတွင် ကွင်းလယ်ကစားသမားအဖြစ် ပါဝင်ကစား ခဲ့သူဖြစ်ပြီး ကစားသမားဘဝမှ အသက်(၃၃)နှစ်အရွယ်တွင် အနားယူခဲ့ကာ ၂ဝ၁၁ ခုနှစ် တွင် လိုင်ယွန်အသင်းနည်းပြအဖြစ် စတင် ကိုင်တွယ်ခဲ့သူဖြစ်သည်။
ငွေကြယ်

No comments:

Post a Comment