Monday, November 30, 2015

သဖန်းဆိပ်ဆည်ရေသိုလှောင်ထားခြင်းကြောင့် စက်လှေစီးခရီးသည်များ သွားလာရေးအဆင်ပြေ




The Mirror Daily's photo.


ကျွန်းလှ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် အနောက် ခြမ်းကျေးရွာများသို့ ငါးဘတ်အိုင်-ကြို့ပင်ချောက် ဆိပ်ကမ်းများမှ စက်လှေများပြေးဆွဲလျက်ရှိရာ ဆည်ရေသိုလှောင်ထားခြင်းကြောင့် စက်လှေများ၊ ခရီးသည်များသွားလာရေးအဆင်ပြေကြောင်း သိရသည်။

''အရင်နှစ်တွေက ဆည်အတွင်း ရေနည်းတာကြောင့် လှေဆိပ်ကိုခဏခဏပြောင်းရွှေ့ရတယ်။ စက်လှေမောင်း ရာမှာလည်း ရေလမ်းကြောင်းကြည့်ပြီး မောင်းရလို့ အချိန်ကြာပါတယ်။ ဒီနှစ်မိုးကောင်းလို့ ဆည်အတွင်း ရေသိုလှောင်ထားနိုင်တဲ့အတွက် စက်လှေမောင်းရာမှာ အချိန်တိုအတွင်း လိုရာခရီးကိုလျင်မြန်စွာရောက်ရှိစေပါ တယ်''ဟု စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

''ကျွန်တော်တို့ကုန်သည်တွေက ကုန်ပစ္စည်းတွေကို စက်လှေနဲ့ သယ်ယူကြပါတယ်။ အရင်နှစ်ကလှေဆိပ် ပြောင်းရွှေ့ရတဲ့အတွက် သယ်ယူစရိတ် ပိုကုန်ပါတယ်။အခုနှစ်မှာ ဆည်ရေများတာကြောင့် လှေဆိပ်ဟောင်းက သွားရပြီး ကုန်ကျစရိတ်သက်သာလို့ ကုန်ပစ္စည်းတွေကို ကျေးရွာတွေမှာ အချိန်မီရောင်းချနိုင်ပါတယ်'' ဟု ကုန်သည်တစ်ဦးက ဆိုသည်။
မျိုးဝင်းညို (ကျွန်းလှ)

No comments:

Post a Comment