Monday, November 2, 2015

မိုဂါဒစ်ရှူးရှိဟိုတယ်တစ်လုံးအား အယ်လ်ရှာဘတ်စစ်သွေးကြွများက တိုက်ခိုက်




The Mirror Daily's photo.


မိုဂါဒစ်ရှူး နိုဝင်ဘာ ၁

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ ဟိုတယ်တစ်လုံးအား အယ်လ်ရှာဘတ်စစ်သွေးကြွများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်သက်သေများ က ဆိုသည်။

ဆာဟာဖီဟိုတယ်၏ ဝင်ပေါက်ဂိတ်တစ်ခုကို ကားဗုံးခွဲတိုက်ခိုက်ခဲ့ပြီး သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ မိုဟာမက်ဟာဆန်က ပြောကြားခဲ့သည်။ ''စစ်သွေးကြွတွေ ဟိုတယ်ထဲဝင်လာပြီး စီးနင်းတိုက်ခိုက်တယ်။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်''ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

စစ်သွေးကြွများနှင့် လုံခြုံရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် ဟိုတယ်အတွင်း၌ နိုင်ငံရေးသမား အနည်းငယ်နှင့် လွှတ်တော်အမတ်များရှိနေကြောင်း ရဲအရာရှိ အာမက်အလီက ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုတွင် ဆိုမာလီစစ်ဦးစီးချုပ်ဟောင်း အဒီကာရင်ဒီဂါဘာဒင်နှင့် ဟိုတယ်ပိုင်ရှင်တို့ သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုပြီးဆုံးပြီးနောက် မိနစ် အနည်းငယ်အကြာတွင် ယင်းဟိုတယ်အနီးတွင် ကားဗုံး တစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ သတင်းထောက်တစ်ဦး အပါအဝင် အရပ်သားအနည်းငယ် သေဆုံးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment