Sunday, November 1, 2015

ဆီးရီးယားနိုင်ငံသို့ အမေရိကန်စစ်သား ၅ဝ နီးပါး စေလွှတ်မည်



The Mirror Daily's photo.
ဝါရှင်တန် အောက်တိုဘာ ၃၁

ဆီးရီးယား နိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ရေးဆင်နွှဲနေသော အစိုးရဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များအား စစ်ဆင်ရေးနှင့်ပတ်သက်သည့် အကြံဥာဏ်ပေးရန် အမေရိကန် စစ်သား ၅ဝ နီးပါးကို စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီဖြစ်သည်။

ယင်းအစီအစဉ်နှင့်ပတ်သက်ပြီး သမ္မတအိုဘားမား အတည်ပြုခဲ့ကြောင်းကို အောက်တိုဘာ ၃ဝ ရက် တွင် အိမ်ဖြူတော်ပြောရေးဆိုခွင့် ရှိသူ ဂျွန်အန်းနက်စ်က ထုတ်ဖော် ပြောကြားခဲ့သည်။

စေလွှတ်မည့် အမေရိကန်စစ်သားများသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းနေသည့် အစိုးရဆန့်ကျင်သည့် လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရေး အကြံဥာဏ်များပေးမည်ဖြစ်သည်။

သို့သော် တိုက်ခိုက်ရေးတွင် မည်သို့မျှ ပါဝင်ပတ်သက်ခြင်းရှိမည် မဟုတ်ဟု ဂျွန်အန်းနက်စ်က ဆက်လက်ပြောသည်။

ယင်းကဲ့သို့ အမေရိကန်စစ်သားများ ဆီးရီးယားနိုင်ငံကို စေလွှတ်ခြင်းသည် အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းရာတွင် အမေရိကန်အစိုးရ၏ ပါဝင်ပတ်သက်မှုကို ပေါ်လွင်စေရန်ရည်ရွယ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံအနေဖြင့် အီရတ်နိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား ချေမှုန်းရေးနှင့် ပတ်သက်ပြီး အီရတ်စစ်သားများအား စစ်ရေးလေ့ကျင့်ပေးရန်အတွက် အမေရိကန်စစ်သားများကို စေလွှတ်ခဲ့ပြီးဖြစ်သည်။

ယခုလအစောပိုင်းတွင် ဆီးရီးယား နိုင်ငံအတွင်းရှိ အိုင်အက်စ်စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းရေးအတွက် အစိုးရဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များကို အိုဘားမားအစိုးရက လေကြောင်းမှ လက်နက်များ ထောက်ပံ့ပေးခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment