Saturday, November 28, 2015

လူထုဒေါ်အမာ ရာပြည့်စာတမ်းဖတ်ပွဲ ပထမနေ့ကျင်းပ



The Mirror Daily's photo.


မန္တလေး နိုဝင်ဘာ ၂၇

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာခန်းမဆောင်၌ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက လူထု ဒေါ်အမာ ရာပြည့်စာတမ်းဖတ်ပွဲ(ပထမနေ့) ပြုလုပ်သည်။

အခမ်းအနားတွင် ဦးသန်းဌေး(ဆရာသင့်နော်- ဥတ္တရာလွင်ပြင်)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

စာတမ်းဖတ်ပွဲတွင် ဒေါ်ခင်နှင်းဦးက ''စာပေ ပြတင်းပေါက်က လှစ်ဟပြတဲ့ အိမ်နီးချင်းတို့ဘဝ''စာတမ်းကို ကိုယ်စားဖတ်ကြားသူ ဒေါ်ခင်သီတာ လတ်ကလည်းကောင်း၊ ဦးအောင်မြင့်ဦး၏ ''အယ်ဒီတာ လူထုဒေါ်အမာ'' စာတမ်းကို ကိုယ်စားဖတ်ကြားသူ ညီပုလေးက လည်းကောင်း၊ နေယုက''ကဗျာထဲက အမေမာ'' စာတမ်းကိုလည်းကောင်း၊ ညီစေမင်းက ''ဒေါ်ဒေါ်ရဲ့ ဗီဇနဲ့ ပတ်ဝန်းကျင်''စာတမ်းကိုလည်းကောင်း ဖတ်ကြားကြကြောင်း သိရသည်။
ရွှေလင်းပြည့်စုံ

No comments:

Post a Comment