Saturday, November 28, 2015

၅ ဒသမ ၄ အင်အားရှိ မြေငလျင်တစ်ခုလှုပ်ခတ်



The Mirror Daily's photo.


မုံရွာ နိုဝင်ဘာ ၂၇

မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၉ဝ ခန့်၊ မုံရွာ မြို့မှ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်ကိုဗဟိုပြုပြီး နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၄ ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မုံရွာမြို့ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းထွာရေး(၃) ဦးအောင်ချိုစန်းက ပြောကြားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ကနီမြို့ အမှတ်(၁)ရပ်ကွက်ရှိ သီတာဦးစေတီထီးတော်မြေခ၍ သပိတ်မှောက်အောက်မှ ပြိုကျခြင်း၊ သမိုင်းဝင် ရွှေမြင်းဖြူ မြတ်စွာဘုရားလုံးတော်အက်ကွဲခြင်း၊ အရန်စေတီတစ်ဆူ စိန်ဖူးတော်မြေခပြီး တစ်ဆူမှာ ထီးတော်အောက်ဘက် ငှက်ပျောဖူးမှပြတ်ကျပြီး ထီးတော် မြေခခြင်း၊ အမှတ်(၁)ရပ်ကွက် မြို့လယ်ဘုရားကြီး ထီးတော်ယိုင်ပြီး ငှက်ပျောဖူး အက်သွားခြင်း၊ ဓာတ်ပေါင်းစုစေတီတော် ထီးတော်ယိုင်ခြင်း၊ အမှတ်(၂)ရပ်ကွက်ရှိ ရှင်ပင်စစ်သားဘုရား စိန်ဖူးတော်မြေခ၍ ထီးတော်မဏ္ဍိုင် အနည်းငယ်ယိုင်ခြင်း၊ ရွှေစည်းခုံစေတီ ငှက်ပျောဖူးမှအက်သွားခြင်း၊ အမှတ်(၃) ရပ်ကွက် အောင်သိဒ္ဓိစေတီကိုယ်လုံးတော် အက်ကွဲကျခြင်း၊ ကျောင်းလည် ကျေးရွာမှ ဦးကြူးစိန်၏နေအိမ် ရှေ့ဘက်အုတ်နံရံပြိုကျကာ ကြမ်းခင်းအချို့ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မုံရွာခရိုင် ဘုတလင်မြို့နယ် မောင်းထောင်စံပြကျေးရွာရှိ မာန်အောင်မြင်ဘုရားဝင်းအတွင်းရှိ မြောက်ဘက်စေတီမှာ ထီးတော်မြေခပြီး တောင်ဘက်စေတီမှာ စိန်ဖူးတော်မြေခခဲ့ကာ ကံဆုံဘုရားစေတီမှာ ထီးတော်တစ်ဝက်မှ ပြုတ်ကျခဲ့သည်။
(ဖိုးချမ်း-မုံရွာ၊ သန်းဌေးအောင်-ကနီ)

No comments:

Post a Comment