Saturday, November 28, 2015

ပုဂံရှေးဟောင်းဘုရားပတ်ဝန်းကျင်၌ အရက်သေစာရောင်းချရန်မသင့်ဟု ခရီးသွားတစ်ဦးထောက်ပြ

 
 
 
 
 
ထင်သာမြင်သာပြုပြင်စရာ


ပုဂံ နိုဝင်ဘာ ၂၇

ပုဂံညောင်ဦးဒေသ၌ အနော် ရထာမင်းကြီးသည် စေတီပုထိုး အမြောက်အမြားကို တည်ဆောက် လှူဒါန်းခဲ့သည်။ ယင်းသို့ မြန်မာ တို့၏ ယဉ်ကျေးမှုနယ်မြေ ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်း အနုပညာလက်ရာများ အစရှိသော စေတီပုထိုးများနှင့် နန်းတွင်းဓလေ့ ထုံးတမ်းများ၏ နေထိုင်မှုများကို လည်း အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးပြည်သူများသာမက နိုင်ငံခြားသား ခရီးသွားများကလည်း အနော် ရထာမင်းကြီး၏ သီရိဇေယျဘူမိ ရွှေနန်းတော်ကြီးအတွင်းရှိ ရှေး ဟောင်းအမွေအနှစ် အနုပညာ လက်ရာများ အစရှိသောပစ္စည်းများ၊ နန်းတွင်းဓလေ့ ထုံးတမ်းများကို လေ့လာရင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက် ရှိသည်။

သို့ရာတွင် ရှေးဟောင်းယဉ်ကျေး မှုနှင့်ဗုဒ္ဓဘာသာထွန်းကားရာဒေသတစ်ဝိုက် စေတီပုထိုးများအနီး ဝန်းကျင်တွင် စားသောက်ဆိုင်များက အရက်သေစာများ ရောင်းချနေသည် ကို တွေ့နေရသည်။

''ကျွန်မတို့က သီရိလင်္ကာနိုင်ငံ ကပါ။ မြန်မာနိုင်ငံကိုရောက်ရင် ပုဂံ ညောင်ဦးကို အရင်သွားပါလို့ မိဘ တွေက ပြောပြလို့ လာရောက်ကြ တာပါ။ ဒီမှာရောက်တာ ၁၅ ရက် လောက်ရှိပြီ၊ ဒါပေမယ့် လေ့လာ ကြပေမယ့် မစုံလင်သေးပါဘူး။ မြန်မာနိုင်ငံကို လာရောက်တာ ကလည်း အလုပ်ကိစ္စတွေပါတော့ မနက်ဖြန်တစ်ရက် မန္တလေးကျုံး အလှနဲ့ ဦးပိန်တံတားကို လေ့လာ ပြီးရင် ပြန်မှာပါ။

ပုဂံညောင်ဦးမှာ နေထိုင်ရတာလည်း အဆင်ပြေပါ တယ်။ ဒါပေမယ့် ရှေးဟောင်းဘုရား များရဲ့ ဝန်းကျင်မှာ စားသောက်ဆိုင် ကြီးတွေက အရက်သေစာတွေပါ ရောင်းချနေတာ အမြင်မသင့်ပါ ဘူး''ဟု အဆိုပါခရီးသွားနိုင်ငံခြား သူတစ်ဦးက ဆိုသည်။
ကျော်ကျော်(မလှိုင်)

No comments:

Post a Comment