Saturday, October 31, 2015

မိမိတို့လိုလားသည့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်





နေပြည်တော် အောက်တိုဘာ ၃ဝ

စစ်မှုထမ်းသက် နှစ်ကာလ များစွာအတွင်း တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းကမ်းများ နှင့်အညီ ပြစ်မှုမရှိအောင်နေထိုင် ခြင်း၊ ကျန်းမာကြံ့ခိုင်အောင် နေထိုင် ခြင်း၊ ထိုက်သင့်သည့် သင်တန်းများ တွင် အရည်အချင်းပြည့်မီအောင် တက်ရောက်သင်ကြားခြင်း၊ ခေါင်း ဆောင်မှု မှားယွင်းမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်ခြင်းတို့အပေါ် မူတည်၍ တာဝန်ပေးအပ်ခြင်းဖြစ် သောကြောင့် မိမိကိုယ်မိမိ တန်ဖိုး ထားရန်၊ ဂုဏ်ယူရန်လိုအပ်ကြောင်း၊ မိမိကိုပေးအပ်သည့် မည်သည့် ရာထူးအဆင့်ကိုမဆို တန်ဖိုးထားခြင်း ဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီး ကြိုးစားချင်စိတ် အမြဲရှိနေမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ အုပ်ချုပ်မှုမွမ်းမံသင်တန်း အမှတ် စဉ်(၂/၂ဝ၁၅)မှ သင်တန်းသား၊ သင်တန်းသူ အရာရှိများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြား သည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် သင်တန်းသား၊ သင်တန်းသူအရာရှိများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သင်တန်း ဆင်းများအနေဖြင့် မိမိတာဝန်ယူ ကွပ်ကဲရမည့် တပ်၊ဌာန စွမ်းရည်ရှိ စေရန် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ခြေလျင်တပ်များအနေ ဖြင့် တိုက်စွမ်းရည်ရှိရန် လိုအပ် သကဲ့သို့ လက်ရုံးတပ်များအနေဖြင့် လည်း လက်ရုံးတပ်ဖွဲ့ စွမ်းရည်ရှိ အောင် လုပ်ဆောင်ရန်လိုကြောင်း၊ တပ်မှူးတာဝန် ထမ်းဆောင်မည့်သူ များအနေဖြင့် အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဘဏ္ဍာရေးအခွင့်အာဏာ သုံးရပ် ပေးအပ်ထားခြင်းဖြစ်၍ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရန် လိုကြောင်း၊ ညီညွတ်မျှတသော အုပ်ချုပ်မှု၊ မှန်ကန်သောတာဝန် ခွဲဝေမှုတို့ရှိရမည် ဖြစ်ကြောင်း။
ယနေ့ ပြည်သူကရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူ့ဆန္ဒနှင့်အညီ လျှောက် လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခ များရှိနေ၍ မရပါကြောင်း၊ လက်နက် ကိုင်ပဋိပက္ခနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိစ္စရပ်များသည် လည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းများရှိပြီး ဖြစ်၍ ဥပဒေနှင့်အညီ ဝင်ရောက် အရွေးချယ်ခံကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂ဝ၁၁ ခုနှစ် သြဂုတ်လမှ စ၍ သမ္မတကြီးက ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရန် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရုံဖြင့် မပြီးဘဲ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ် ကြောင်း၊ ဒီမိုကရေစီစနစ်တွင် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ် ရမည်ဖြစ်ကြောင်း၊ ပေးထားသည့် ကတိကဝတ်များနှင့်အညီ အမှန် တကယ်ငြိမ်းချမ်းလိုသည့် စိတ်ရှိရန် လိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်ခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်ခြင်းနှင့် တိုင်းရင်းသား ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မူဝါဒ သုံးချက်ချမှတ်ထားကြောင်း၊ ငြိမ်းချမ်း ရေးမူ ခြောက်ချက်ကိုလည်း အသိပေး ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ လိုလားသည့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက်လုပ်ဆောင် ရမည်ဖြစ်ကြောင်း။
မကြာမီကျင်းပမည့် ရွေးကောက် ပွဲနှင့်ပတ်သက်၍လည်း တပ်မတော် အနေဖြင့် လွတ်လပ်ပြီး တရားမျှတ မှုရှိရမည်ဟု ထုတ်ဖော်ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း၊
ကြိုတင်မဲပေး ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ် ချက်များနှင့်အညီသာ ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment