Thursday, October 29, 2015

ကျောက်ဆည်မြို့ဆင်အက အလှပြိုင်ပွဲ ဆုရဆင်များအား ဆုချီးမြှင့်




The Mirror Daily's photo.


ကျောက်ဆည် အောက်တိုဘာ ၂၈

မြန်မာနိုင်ငံ၏ လူကြိုက်များ ထင်ရှားလှသော ကျောက်ဆည်မြို့ ဆင်ပွဲတော်ကြီးကို အောက်တိုဘာ ၂၇ ရက်က ဆင်ပြိုင်ကွင်းဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဆုရရှိသော ဆင်များနှင့် ပါဝင်ဖျော်ဖြေခဲ့သော ဆင်များ၊ အသက်အကြီးဆုံးဆင်များကို ဆုများ ချီးမြှင့်ခဲ့သည်။
ဆင်အက အလှပြိုင်ပွဲ ဘော်ကြယ်ဆင်ပြိုင်ပွဲတွင် မူလပြိုင်ပွဲဝင်ရန် စာရင်းပေးသွင်းခဲ့သည့် ဆင်အဖွဲ့ လေးဖွဲ့အနက် နှစ်ဖွဲ့သာ ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ပေါက်တောရပ်ကွက်မှ ရွှေမြန်မာ ဆင်အဖွဲ့က ပထမရရှိခဲ့သည်။ ကလေး ဆင်ပြိုင်ပွဲတွင် ဆင်အဖွဲ့ငါးဖွဲ့ စာရင်း ပေးသွင်းသော်လည်း လေးဖွဲ့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆင်အဖွဲ့ သုံးဖွဲ့တွင် သတ်မှတ်ထားသော အသက် (၁၅)နှစ်ကျော်သူများ ဆင်အဖွဲ့အတွင်း ပါဝင်သဖြင့် ဝဏ္ဏသူရဆင်အဖွဲ့မှ ပထမဆုရရှိကြောင်း သိရသည်။

ဆင်ပြိုင်ပွဲ၏ အဓိကပြိုင်ပွဲဖြစ်သော ရိုးရာဆင်အကပြိုင်ပွဲတွင် ပထမဆုကို လှယဉ်ကျေးဆင်အဖွဲ့က လည်းကောင်း၊ ဒုတိယဆုကို ပိတောက်မြိုင် ဆင်အဖွဲ့က လည်းကောင်း၊ တတိယဆုကို ပြည်အားမာန်ဆင်အဖွဲ့တို့က ရရှိခဲ့သည်။

ပြိုင်ပွဲတွင် ဆုရရှိသော ဘော်ကြယ် ဆင် ပထမ ရှစ်သိန်း၊ ဒုတိယ ခြောက် သိန်း၊ ကလေးဆင် ပထမ ခြောက်သိန်း နှင့် ရိုးရာဆင်ပြိုင်ပွဲတွင် ပထမ ၁ဝ သိန်း၊ ဒုတိယ ရှစ်သိန်းနှင့် တတိယ ခြောက်သိန်းဖြင့် ပြိုင်ပွဲကျင်းပရေး ကော်မတီက ဆုချီးမြှင့်သည့်အပြင် ကမ္ဘောဇဘဏ်(ကျောက်ဆည်)က လည်း ယင်းဆုကြေးအတိုင်း ချီးမြှင့်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေသောဆင်နှင့် နှစ်(၃ဝ)ထက် ဆင်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ကမ္ဘောဇဘဏ်(ကျောက်ဆည်)မှ တာဝန်ရှိသူနှင့် ပြိုင်ပွဲကျင်းပ ရေးကော်မတီဝင်များက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ထွန်းထွန်းနိုင်-ကျောက်ဆည်)

No comments:

Post a Comment